ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သတ်ပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် တုတ်၊ ဓားလက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ခံရကြောင်း တပ်မတော် သတင်းထုတ်ပြန်ရေးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ယနေ့ ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဖမ်းဆီးအရေးယူမှုများ အား သတ်မှတ်ဆောင်ရွက်ခဲ့ပြီးနောက် စက်တင်ဘာလအရောက်တွင် ယာဉ်မတော်တဆမှုများ စတင်ကျဆင်းလာကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ အိုဘားမားမှ ၇-၁၀-၂၀၁၆ ရက်နေ့ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအစိုးရမှ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်း ၂၀ နီးပါး ပြုလုပ်ခဲ့သည့် စီးပွားရေးအရ တားဆီးပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းပေးလိုက်ခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့...
ရန်ကုန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံမှ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းကြောင်း အမိန့်ထုတ်ပြန်လိုက်သဖြင့် မြန်မာ့ စီးပွားရေးသည် တိုးတက်ရန် အလားအလာ မြင်လာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ဆင်ဟွာသို့ပြောသည်။
နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကြောင့် လွှတ်တော် လုပ်ငန်းများ ဆောင်ရွက်ရာ၌ အခက်အခဲ မရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ညနေ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေသည့် မြန်မာနိုင်ငံ၏ သစ်တောများ ပြန်လည် ထူထောင်ရေး အတွက် ပထမငါးနှစ် စီမံကိန်းကို ၂ဝ၁၇ ခုနှစ်တွင် စတင် ကျင့်သုံးမည် ဖြစ်ကြောင်း သယံဇာတ နှင့် သဘာဝ...
နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အုပ်ချုပ်ရေးကဏ္ဍ နှင့် တရားစီရင်ရေး ကဏ္ဍများတွင် ဝင်ရောက် မစွက်ဖက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန် အစည်း အဝေး ပြီးဆုံးသည့် ယနေ့အစည်းအဝေးတွင် မှာကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ၂၀၁၅ ခုနှစ်အတွင်းယာဉ်တိုက်မှုများကြောင့် သေဆုံးမှုများတွင် ထိုင်ခုံခါးပတ် မပတ်၍ သေဆုံးသူ အများဆုံးဖြစ်ကြောင်း စိစစ်တွေ့ရှိသည့် အတွက် ထိုင်ခုံခါးပတ် (Seat Belt) အတွက် ပညာပေးကာလ အဖြစ် ပထမဆောင်ရွက်မည်ဖြစ်ကာ အသုံးမပြုသူများအား မော်တော်ယာဉ် ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကောင်စီမှ...
နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဌာနဆိုင်ရာမှ စီစဉ်သည့် ပွဲလမ်း သဘင်များ အကြောင်း ပြပြီး မသမာသည့် ငွေပေးငွေယူမှု၊ လာဘ်ပေး လာဘ်ယူမှုများ ရှိပါက စုံစမ်း ဖော်ထုတ် အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက...