Connect with us

Politics, Law & Military

တတိယ ပုံမှန် အစည်းအဝေးအပေါ် စိတ်ကျေနပ်မှု အပြည့် ရရှိခဲ့ဟု လွှတ်တော် ဥက္ကဋ္ဌ ပြော

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ယနေ့နေ့လယ်ပိုင်းတွင် ပြီးစီးခဲ့သည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်း အဝေး ကာလ အတွင်း

ဆောင်ရွက်ခဲ့သည့် လွှတ်တော် လုပ်ငန်းများအပေါ် စိတ်ကျေနပ်မှု ရရှိခဲ့သည်ဟု ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က

လွှတ်တော် အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဆင်ဟွာ၏ အမေးကို ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့သည်။

“တတိယ ပုံမှန် အစည်းအဝေးမှာ ကျွန်တော် နိုင်ငံတော်နဲ့ပြည်သူ့အကျိုးအတွက် ဦးတည်ပြီး စဉ်းစား ဆုံးဖြတ် တဲ့ အခါကျတော့

ဒီအပေါ်မှာ စိတ်ကျေနပ်မှု ရရှိခဲ့ပါတယ်၊ တချို့အဆိုရှင်တွေအနေနဲ့တော့ သူတို့ အဆိုတွေ မပေါ်လို့ ကျေနပ်ချင်မှ ကျေနပ်မယ်၊

သို့သော် ကျွန်တော်တို့အနေနဲ့ကြည့်တဲ့အခါကျတော့ ပါတီစွဲ ပုဂ္ဂိုလ်စွဲ ဘာသာစွဲ မထားပါဘူး၊ အဆိုတစ်ခုသည် ပြည်သူ

့လွှတ်တော် ဆိုင်ရာ ဥပဒေ နည်းဥပဒေတွေမှာ ပြဌာန်းထား တဲ့ အဆိုရဲ့ စည်းကမ်းချက်၊ ကန့်သတ်ချက်၊ တားမြစ်ချက်တွေနဲ့ညီဖို

့လိုပါတယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးနဲ့ ပြည်ထောင်စု မပြိုကွဲရေး

အတွက် တချို့အဆိုတွေကို တိုင်းပြည် နဲ့လူမျိုး ထိခိုက် နစ်နာမှု မရှိအောင် ကိုယ်စားလှယ်တွေကို နားလည်အောင် ပြောပြီး

ရပ်ဆိုင်းခဲ့ရတာတော့ ရှိခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့မှ ၂၁ ရက်အတွင်း အစည်းအဝေး ကျင်းပရက် ၁၉ ရက် ရှိခဲ့သည့် ပြည်သူ့ လွှတ်တော်

တတိယ ပုံမှန် အစည်းအဝေးကာလတွင် အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းပြည်နှင့် လူမျိုး မထိခိုက် ရေးတို့အတွက် အဆို အချို

့ကိုနိုင်ငံရေးအရမြော်မြင်ကာ ပယ်ဖျက်ခဲ့ရသည် များလည်း ရှိသည်ဟု ၎င်းက ရှင်းပြသည်။

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်း အဝေး ကာလ အတွင်း ကြယ်ပွင့်ပြ မေးခွန်း ၁၁၇ ခု၊ ကြယ်ပွင့်မပြ

မေးခွန်း ၁၅၄ ခု၊ မေးမြန်းခြင်း၊ ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပြီး အရေးကြီး အဆို တစ်ခုအပါအဝင် အဆို ၁၀ ခု

တင်သွင်းခဲ့ရာ အဆို ခြောက်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အဆို လေးခုတို့မှာ ဆက်လက်ဆွေးနွေးရန် ကျန်နေကြောင်း၊

ဥပဒေကြမ်းများအနေဖြင့် ပြည်သူ့လွှတ်တော်တွင် စတင် ဆွေးနွေး သည့် ဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၇ ခု ရှိပြီး

ဥပဒေကြမ်း ခုနစ်ခုတို့ကို အတည်ပြုနိုင်ခဲ့ ကာ ကျန် ဥပဒေကြမ်း ၁၀ ခုတို့ကို လာမည့် စတုတ္ထပုံမှန် အစည်းအဝေးတွင်

ဆက်လက် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း တတိယ ပုံမှန် အစည်းအဝေးအပြီး လွှတ်တော် ဥက္ကဋ္ဌ ပြောကြားသည့်

နှုတ်ခွန်းဆက် အမှာစကားတွင် ဖော်ပြ ပါရှိသည်။

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန် အစည်းအဝေးမှ ယခု တတိယ ပုံမှန် အစည်း အဝေး ကာလ အတွင်း လွှတ်တော်

အစည်းအဝေးများသို့တက်ရောက် လေ့လာသူဦးရေမှာ နိုင်ငံခြားသား ၃၅၈ ဦး အပါအဝင် ၁၃၈၃၈ ဦး ရှိခဲ့ကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.