နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၌ တက်ရောက်ဆွေးနွေးသော ကိုယ်စားလှယ်များသည် ဆွေးနွေးချက်များကို ပြည်သူလူထုထံ ပြန်လည်ရှင်းလင်းရန် နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ယနေ့ ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှ ဆွေးနွေးမှု စုစည်း ချက်များကို နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းထံ ယနေ့ ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် ပေးအပ်လိုက်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) အစိုးရသစ် ဖော်ဆောင်မည့် ငြိမ်းချမ်းရေး ညီလာခံများ၌ ပိုမို ကောင်းမွန်သော ဆွေးနွေးမှု၊ သဘောတူ ညီချက်နှင့် ရလဒ် ကောင်းများ မျှော်လင့်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယနေ့ ကျင်းပသော ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုံးနေ့တွင် ပြောကြားသည်။
နေပြည်တော်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင် ကျင်းပသည့်ရက်မှ လေးရက် အတွင်း ဆွေးနွေးထားသော ကဏ္ဍကြီး ၅ ခုကို ယနေ့ ညီလာခံနောက်ဆုံးနေ့၌ ပြန်လည်သုံးသပ် တင်ပြမှု ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) ပထမဆုံး အကြိမ် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ညီလာခံမှ ကဏ္ဍ ငါးခုအတွက် ဆွေးနွေး တင်ပြချက်များကို တရားဝင် စာအုပ် စာတမ်းများ အဖြစ် ပြန်လည် ထုတ်ဝေမည် ဖြစ်ကြောင်း အဆိုပါ ညီလာခံမှ သိရသည်။
ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးအုပ်စု၊ တာလေ-ကျိုင်းလပ်သွားကားလမ်း နမ့်ကိုင်းရွာအနီးတွင် ၁၃-၁-၂၀၁၆ ရက်နေ့၌ ကျပ်သိန်းပေါင်း(၂၁၀၆)သိန်းကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ် မူးယစ်အဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) လွှတ်တော် အသစ်ခေါ်ယူရေးနှင့် ပတ်သက်၍ ဆက်လက် တာဝန်ယူ ကြမည့် လွှတ်တော် နှင့် လွှတ်တော် ကိုယ်စားလှယ်များသည် မိမိတို့ ဆောင်ရွက်ချက်များအပေါ် သင်ခန်းစာရယူပြီး ယခုထက်ပိုမိုကောင်းမွန်သည့်၊ အရည်အချင်း ပြည့်စုံသည့် လွှတ်တော်များဖြစ်အောင် ကြိုးစား လုပ်ဆောင် သွားရမည်...
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) လှိုင်သာယာမြို့နယ် အမှတ်(၄)ရပ်ကွက် FMI City (ပဒေသာပင်မြို့တော်) ယမင်းရွှေဝါလမ်းရှိ နေအိမ်တွင် ဓားထောက်ကာ ငွေကျပ် သိန်း၂၃၀ကျော်နှင့် ရွှေထည်ပစ္စည်းများကို လုယူသွားသူအား ၂၇ နာရီတွင်း ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အစိုးရသစ်အတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၆၀၀ကျော် ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်း ကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။
ရန်ကုန်၊ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ စီစဉ်ပေးမှုဖြင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် သို့ သွားရောက် လေ့လာကြကြောင်း သိရသည်။