Connect with us

Politics, Law & Military

ပြည်သူလူထု ဆန္ဒကို အပြည့်အဝ အကောင်အထည် မဖော်မီ ကာလတွင်း ဉာဏ်အမြော် အမြင်ဖြင့် ဝန်းရံ ထောက်ခံပေးရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ပြည်သူသို့ ပန်ကြားချက်အား တွေ့ရစဉ် (ဓာတ်ပုံ-NLD Chairperson )

နေပြည်တော်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ပြည်သူလူထု ဆန္ဒကို အပြည့်အဝ အကောင်အထည် မဖော်မီ ကာလအတွင်း နိုင်ငံအေးချမ်း တည်ငြိမ်စွာဖြင့် လိုရာပန်းတိုင် ရောက်ရှိစေရန် ပြည်သူများ အားလုံးက ဉာဏ်ပညာ အမြှော်အမြင်ဖြင့် ဝန်းရံ ထောက်ခံပေးရန် ယနေ့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားချက် ထုတ်ပြန်လိုက်သည်။

ယနေ့မှစပြီး ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်သည့် လုပ်ငန်းစဉ်များ စတင်မည် ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံ အားပေးသော မဲဆန္ဒရှင်များ၏ လိုလားချက်၊ မျှော်မှန်းချက်များကို ဖော်ဆောင်ရာ၌ အရေးကြီးဆုံး ခြေလှမ်းဖြစ်ကြောင်း ပန်ကြားချက်တွင် ဖော်ပြထားသည်။

ပြည်သူ့ဆန္ဒများ အပြည့်အဝ အကောင်အထည် ဖော်ရေးမှာ NLD ၏ ခိုင်မာသော သန္နိဠာန် ဖြစ်သောကြောင့် ဆက်လက် ကြိုးစား ဆောင်ရွက်မည် ဖြစ်ကြောင်း ပန်ကြားချက်တွင် ဖော်ပြထားသည်။

ယနေ့သည် လွှတ်တော်၌ အစုအဖွဲ့ သုံးစုမှ ဒုတိယ သမ္မတ အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.