ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) COVID-19 ကာလအတွင်း အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာဖြင့် မဲပေးနိုင်ရန် ကာကွယ်ရေးနည်းလမ်းများကို အပြည့်ကျင့်သုံးထားကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)၂၀၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ယနေ့ (အောက်တိုဘာ ၂၉ ရက်)တွင် ကြိုတင်ဆန္ဒမဲများ စတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ငါးရက်အတွင်း တရားမဝင်သစ် တန် ၁,၁၉၀ကျာ်နှင့် ပြစ်မှုကျူးလွန်သူ ၆၀ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ၏ သတင်းများ သိရှိစေရန် တိုင်းနှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ ဆက်သွယ်ရမည့် ဖုန်းနံပတ်များ ယနေ့ (အောက်တိုဘာ ၂၈ ရက်)၌ တရားဝင် ထုတ်ပြန်လိုက်ကြောင်း အဆိုပါ ကော်မရှင်ထံမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ယနေ့( အောက်တိုဘာ ၂၈ ရက်) နံနက်ပိုင်း၌ တပ်မတော်က AA အကြမ်းဖက်အဖွဲ့ စီးနင်းလာသည့်စက်လှေအား ပစ်ခတ်ခဲ့ခြင်းသာဖြစ်ပြီး ICRC ထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် နေအိမ်တွင် အသွားအလာကန့်သတ်ခံထားရသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မိုဘိုင်းမဲရုံပုံစံဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) ရွေးကောက်ပွဲ ကျင်းပခြင်း မပြုကြောင်း ကြေညာထားသည့် နယ်မြေစာရင်းမှ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာအုပ်စု အချို့အား ပယ်ဖျက်၍ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ အောက်တိုဘာ ၂၇...
ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံး လက်ရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၅ ရာခိုင်နှုန်းကို ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိဖြန့်ဖြူးပေးနိုင်ရေး စီမံချက်ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ၌ အောက်တိုဘာ ၁၂ ရက်မှ ၂၅ ရက်အထိ သီတင်းနှစ်ပတ်အတွင်း တရားမဝင်သစ် စုစုပေါင်း ၁၀၉ တန် ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။