Connect with us

Politics, Law & Military

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်

ရန်ကုန် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဇွန် ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။ဇွန်လ ၁၉ ရက်နေ့တွင် လု ၊ ချန်၊ တိန့် စသည့် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးခဲ့ပြီး ထိုနေ့တွင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ၆ ဦးကို မြန်မာ-ထိုင်းနယ်စပ်၌ တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဆက်သွယ်ရေးလိမ်လည်မှုနှိမ်နင်းရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုလုပ်ရပ်သည် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှု၊ အထူးသဖြင့် လိမ်လည်မှု၊ လောင်းကစား ရာဇဝတ်မှုများကို တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်းနှိမ်နင်းသည့် ခိုင်မာသောစိတ်ပိုင်းဖြတ်မှုနှင့် ဆန္ဒများကို ဖော်ပြနေကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် လက်တွေ့ကျသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ပြီး ယင်းကဲ့သို့ ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာနှိမ်နင်းကာ ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.