Connect with us

Politics, Law & Military

တည်ဆောက်ရေး လုပ်ငန်း အရည်အသွေးစစ် တတိယ အဖွဲ့(Third Party)အတွက် လုပ်ငန်း လမ်းညွှန် ရေးဆွဲလျက်ရှိဟု ဆို

ပြည်သူ့ လွှတ်တော် အစည်းအဝေး ခန်းမအတွင်းသို့ လွှတ်တော် ဥက္ကဌ ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လိုက်နာ ဆောင်ရွက်ရမည့် အရည်အသွေး စစ်ဆေးခြင်း၊ ဆောက်လုပ်ရေး စီမံခန့်ခွဲမှု အကြံပေးခြင်း၊ တတိယ အဖွဲ့အစည်းဖြင့် စစ်ဆေးခြင်းတို့အတွက် လုပ်ငန်း လမ်းညွှန်ကို ရေးဆွဲလျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“တတိယ အဖွဲ့အစည်း (Third Party) နှင့် ပတ်သက်ပြီး ဆောင်ရွက်ရမယ့် အချက်များ၊ တာဝန်ခံမှု၊ တာဝန်ယူမှု၊ အရေးယူရမယ့် အချက်များကို အဆောက်အအုံ ဆောက်လုပ်မှု ကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေး ဥပဒေ (BCID:_ Building and Construction Industry Development Law) ရဲ့ နည်းဥပဒေမှာ ထည့်သွင်း ရေးဆွဲသွားပါမယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

လယ်ဝေး မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၏ Third Party များနှင့် ပတ်သက်သော အမေးကို ဒုတိယ ဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး ကျေးလက် လမ်း၊ တံတားများ၏ အရည်အသွေး ထိန်းချုပ်ခြင်းလုပ်ငန်းများအား ဆောင်ရွက် ရာတွင်  တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်းများ တည်ဆောက်ရေး လုပ်ငန်းစဉ် တစ်လျှောက် စောင့်ကြည့်၊ စစ်ဆေး၊ အရည်အသွေး စစ်ဆေးခြင်း။ စံချိန် စံညွှန်းနှင့် ကိုက်ညီအောင် ပြုပြင်ရန်နှင့် ကြီးကြပ် လမ်းညွှန်ပေးခြင်း၊ စစ်ဆေး မှတ်တမ်းတင်ခြင်းများကို လစဉ် အရည်အသွေး ထိန်းချုပ်မှု ဆိုင်ရာ အစီရင်ခံစာ(Quality Control Report) တင်ပြခြင်း တို့ ပါဝင်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် လမ်းတစ်လမ်း၊ တံတား တစ်စင်းအတွက် တစ်ကြိမ် တစ်ခါသာ ဆောင်ရွက်ရခြင်း မဟုတ်ဘဲ လုပ်ငန်း စတင်သည်မှ ပြီးဆုံးသည်အထိ လုပ်ငန်း အဆင့်ဆင့်တိုင်းတွင် ဆောင်ရွက်ရခြင်းဖြစ်သည့် အတွက် ဌာနမှ အင်ဂျင်နီယာ ဝန်ထမ်းများအပြင် နေ့စား ကျွမ်းကျင် လုပ်သားများကို ငှားယမ်း အသုံးပြုရကြောင်း၊ အဆိုပါ လုပ်သား ငှားယမ်းခများနှင့် အရည်အသွေး စမ်းသပ်သည့် ပစ္စည်း ကိရိယာများ ရွှေ့ပြောင်း သယ်ယူရသည့် ကုန်ကျစရိတ်များကို ကြိမ်ဖန် များစွာ ကျခံ ဆောင်ရွက်ရ ကြောင်း၊ အဆိုပါ Quality Control လုပ်ငန်းများ၏ ကုန်ကျစရိတ်များ အတွက်သာ လုပ်ငန်း၏ ဘတ်ဂျက်မှ ကျခံ သုံးစွဲခြင်း ဖြစ်ကြောင်း၊ အကျိုး အမြတ် တစ်စုံတစ်ရာ အတွက် ရယူ ဆောင်ရွက် ခြင်း မျိုး မဟုတ်ကြောင်းလည်း ရှင်းလင်း ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.