Connect with us

Social

ရန်ကုန်တိုင်းဒေသကြီး အတွင်း တန်ဖိုးနည်း ၊ တန်ဖိုးသင့် အခန်းများကို အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေ စနစ်ဖြင့် ရောင်းချပေးမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ကြေညာ 

ရန်ကုန် မြို့တွင်း မြို့ပြ တိုက်ခန်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အတွင်း လှိုင်သာယာ ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ သန်လျင် မြို့နယ်များရှိ အိမ်ရာ စီမံကိန်းများတွင် အခန်းတန်ဖိုး ကျပ် ၆၆ သိန်းမှ ကျပ်သိန်း ၆၀၀ အထိ တန်ဖိုးနည်း ၊ တန်ဖိုးသင့် အခန်းများကို အတိုးနှုန်း သက်သာသော အိမ်ရာချေးငွေ စနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ အိမ်ရာ စီမံကိန်းများမှာ လှိုင်သာယာ မြို့နယ်ရှိ ရွှေလင်ပန်း အပိုင်း(၂) နှင့် (၃) အိမ်ရာ စီမံကိန်း ၊ ကျန်စစ်မင်း အိမ်ရာ စီမံကိန်း ၊ ထီးလှိုင်ရှင် အိမ်ရာ စီမံကိန်း ၊ ရွှေလင်ပန်း Commercial Area အိမ်ရာ စီမံကိန်း ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ယုဇန အပိုင်း(၁)(၂) ၊ ကနောင် ၊ ရိုးမ အိမ်ရာ စီမံကိန်း နှင့် သန်လျင် မြို့နယ်ရှိ သီလဝါ အိမ်ရာ စီမံကိန်းတို့တွင် ဖြစ်ကြောင်း သိရသည်။

အိမ်ခန်း ဝယ်ယူလိုသူများ အနေဖြင့် ဆောက်လုပ်ရေး အိမ်ရာ နှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာ ၃၁ ရက် အထိ အိမ်ရာ စုဆောင်းငွေ စာရင်း ဖွင့်လှစ် ထားရှိပြီး စုဆောင်းငွေ အနည်းဆုံး ကျပ်သိန်း ၃၀ ထားရှိရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ဝယ်ယူလိုသူများ အနေဖြင့် ကြေငြာသည့် နေ့မှ ဇန်နဝါရီ ၂၄ ရက် အတွင်း အိမ်ခန်း ဝယ်ယူလိုကြောင်း ဘဏ်စာအုပ် မူရင်း နှင့် အတူ မိတ္တူ ယူဆောင်၍ ဗိုလ်တထောင် မြို့နယ် ၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန သို့ လူကိုယ်တိုင် ဖြစ်စေ ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ အမည်စာရင်း လာရောက် ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117