Connect with us

Politics, Law & Military

ONLINE BOOKING ပြုလုပ်ခြင်းမရှိဘဲက .ည .န သို့ ကိုယ်တိုင် လာရောက်သူများကိုလည်း ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်ရှိကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအားတွေ့ရစဉ် (ဓာတ်ပုံ--က.ည.န)

ရန်ကုန်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) 

ONLINE BOOKING မပြုလုပ်ဘဲ က .ည .န သို့ ကိုယ်တိုင် လာရောက်သူများကိုလည်း ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထွဋ် ကဆင်ဟွာသို့ ကို ဇူလိုင် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

“အွန်လိုင်း Booking စနစ်ကို ဦးစားပေးဆောင်ရွက်နေပေမယ့် အွန်လိုင်းစနစ် ကို တစ်ချို့ က သိပ်အသုံးမပြုဘဲ ရုံးကိုလာတော့လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးနေပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ ရုံးအတွင်း ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရန်နှင့် COVID-19 ရောဂါကာကွယ်နိုင်စေရန် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို Online Booking စနစ်ဖြင့် ဇူလိုင်  ၆ ရက်တွင် က၊ က-၁၊ ခ၊ ဃ သက်တမ်း ယာဉ်မောင်းလိုင်စင်များ အတွက် စတင်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။သို့သော် ယင်းလုပ်ငန်းစဉ်အား  Online Booking စနစ်ဖြင့် ဆောင်ရွက်ရသည်ကို  လူသိနည်းသည့်အတွက် ပုံမှန်အတိုင်းသာ   လာရောက်ဆောင်ရွက်မှုများ ရှိကြောင်းလည်း သိရသည်။ 

က.ည.န အနေဖြင့်   ယာဉ်မောင်း  လိုင်စင် သက်တမ်းတိုး ဆောင်ရွက်ပေးရာတွင် ရုံးတစ်ရုံး၌ တစ်ရက်လျှင် နံနက် ၈ နာရီခွဲမှ  ညနေ  ၄  နာရီခွဲအထိ လေးကြိမ်ခွဲ၍ ဆောင်ရွက်ပေးနေပြီး လက်ရှိအချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး၌  ယာဉ်မောင်းလိုင်စင် ရှစ်သိန်းကျော်  ထုတ်ပေး ထားပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)         

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.