Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် တတိယအကြိမ် ဂြိုဟ်လမ်းကြောင်းတည့်မတ်ခြင်း ပြီးစီး

တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထုတ်ပြန်သော အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ ၏ ဓာတ်ပုံကို တွေ့ရစဉ် (ဓာတ်ပုံ- China National Space Administration /Handout via Xinhua)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ သည် အောက်တိုဘာ ၂၈ ရက်တွင် တတိယမြောက် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်း လုပ်ငန်းပြီးစီးခဲ့ကြောင်း တရုတ် အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အရ သိရသည်။

အဆိုပါ ယာဉ်သည် 25N အင်ဂျင် ၈ ခုလုံး တစ်ပြိုင်နက်လည်ပတ်ကာ ပေကျင်းစံတော်ချိန် ည ၁၀:၀၀ နာရီခန့်တွင် ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်း ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ခဲ့စဉ် 25N အင်ဂျင်များ၏ လုပ်ဆောင်ချက်ကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဂြိုဟ်ပတ်လမ်းကြောင်းတည့်မတ်ခြင်းသည် အာကာသယာဉ်ကို အင်္ဂါဂြိုဟ်သို့ စီစဉ်ထားသည့်အတိုင်း ရောက်ရှိစေရန်၊ ကူးပြောင်းရေးဂြိုဟ်ပတ်လမ်းကြောင်းကောင်းမွန်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ဇူလိုင် ၂၃ ရက်တွင် လွှတ်တင်ခဲ့သော ထျန်းဝန်-၁ ယာဉ်သည် ပထမဆုံးအကြိမ် ဂြိုဟ်ပတ်လမ်းကြောင်း တည့်မတ်ခြင်းကို ဩဂုတ်လ ၂ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို စက်တင်ဘာလ ၂၀ ရက်တွင်လည်း ပြုလုပ်ခဲ့သည်။

အဆိုပါ ယာဉ်သည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ၉၇ ရက်ခန့်သွားရောက်ခဲ့ပြီးဖြစ်ကာ အကွာအဝေး ကီလိုမီတာ၂၅၆ သန်း ခန့်ပျံသန်းခဲ့ပြီး လက်ရှိတွင် ကမ္ဘာမှ အကွာအဝေးအားဖြင့် ၄၄ သန်း ကီလိုမီတာ ရောက်ရှိနေပြီဖြစ်သည်။ ယာဉ်ပေါ်ရှိစနစ်များအားလုံး အခြေအနေကောင်းမွန်လျက်ရှိကြောင်း CNSA က ဆိုသည်။
ထျန်းဝန်-၁ ယာဉ်ကို ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဆင်းသက်ခြင်းနှင့် ဂြိုဟ်ပေါ်လှည့်လည်သွားလာခြင်းများကို လုပ်ငန်းစဉ်တစ်ခုတည်းတွင် ပြီးမြောက်ရန် ပုံစံထုတ်လုပ်ထားခြင်းဖြစ်ပြီး အင်္ဂါဂြိုဟ်ပေါ်ရှိ လေထုကို စူးစမ်းလေ့လာရန် ပထမဆုံးခြေလှမ်းဖြစ်သည်။

အဆိုပါယာဉ်သည် အင်္ဂါဂြိုဟ် ခေါ် ဂြိုဟ်နီကြီးပေါ်သို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလခန့်တွင် ရောက်ရှိရန် မျှော်မှန်းထားသည်။ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ပြီးနောက် ဂြိုဟ်ပေါ်သို့မရောက်မီ ယာဉ်ဆင်းသက်ရန်လျာထားသော နေရာများကို လေ့လာဆန်းစစ်ရန် နောက်ထပ် နှစ်လမှ သုံးလအထိ အချိန်ယူရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.