Connect with us

Social

ကျိုက်ထီးရိုး စေတီတော် သို့ ထိုင်းနိုင်ငံသား အများဆုံးလာရောက်ဖူးမြော်

ကျိုက်ထီးရိုးစေတီအားဖူးမြော်သူများ နှင့် စည်ကားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရှိ ကျိုက်ထီးရိုး စေတီတော် သို့ ယခုနှစ် အတွင်း လာရောက် ဖူးမြော်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ထဲတွင် ထိုင်းနိုင်ငံသား များမှာ အများဆုံး ဖြစ်ပြီး တစ်လလျှင် ပျမ်းမျှ ထိုင်းနိုင်ငံသား ၄ဝဝဝ နီးပါး လာရောြက်က ကြောင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့မှ သိရသည်။

ယခုနှစ်မေလ အတွင်း ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် သို့ လာရောက်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည် ၈၇၅ဝ ဦးတွင် ထိုင်းနိုင်ငံသား ၅၃၁၂ ဦး၊ ဇွန်လအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည် ၅၁၃၅ ဦးတွင် ထိုင်းနိုင်ငံသား ၃၃၆၁ ဦး ၊ ဇူလိုင်လ အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည် ၆၂၇၃ ဦးတွင် ထိုင်းနိုင်ငံသား ၄၂၃၃ ဦး ၊ သြဂုတ်လ အတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည် ၆၁၅၈ ဦးတွင် ထိုင်းနိုင်ငံသား ၃၇၄၁ ဦးရှိကြောင်း သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်သို့ လာရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် တစ်ဦးလျှင် မြန်မာငွေကျပ် ၆၀၀၀ အခွန်ပေးဆောင် ရကြောင်း၊ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လည်ပတ်ရန် နေရာ ကန့်သတ်မှု မရှိကြောင်း၊ လုံခြုံရေး အတွက် Tourist Police ကလည်း တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပြည်တွင်းပြည်ပ ခရီးသွားများ အများအပြား လာရောက်သည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော် ဒေသတစ်ဝိုက်၌ ဥပဒေဘောင်ကို ကျော်၍ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းများကို သတိပေးမှုများ ပြုလုပ်ခဲ့ပြီး ဆောက်လုပ် ထားသော ဟိုတယ် များကိုလည်း တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရန်နှင့် ဝတ္တကမြေ အတွင်း ဓမ္မာရုံများကို ဘုရားဖူး ပြည်သူများ အခမဲ့ တည်းခိုနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.