Social
ကုန်လမ်း ပို့ဆောင်ရေး အနေဖြင့် စင်ကာပူ ကုမ္ပဏီနှင့် ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ရန် လက်မှတ် ရေးထိုး

ရန်ကုန်၊ အောက်တိုဘာ၂၇ ရက် (ဆင်ဟွာ)
ကုန်းလမ်း ပို့ဆောင်ရေး အနေဖြင့် စင်ကာပူကုမ္ပဏီ နှင့် ပူးပေါင်း၍ ပို့ဆောင်ရေး ကဏ္ဍအား ဖြည့်ဆည်း နိုင်ရန် ကနဦး ယာဉ်အစီးရေ ၆၀ ဖြင့် လုပ်ငန်းများ စတင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဆက်လက်၍ လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန က အောက်တိုဘာ၂၇ ရက်တွင် သတင်း ထုတ်ပြန်သည်။
ရန်ကုန်တိုင်း ဒေသကြီး ၊ အင်းစိန်မြို့နယ်၊ ကုန်စည် ပို့ဆောင်ရေး ဌာနခွဲ (ရန်ကုန်) ရှိ မြေ ၃.၅ ဧကတွင် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ခြင်း လုပ်ငန်း၊ ကုန်ပစ္စည်းများ သယ်ယူ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်း၊ ကုန်ပစ္စည်း သိုလှောင်ရုံ လုပ်ငန်းများ နှင့် Freight Forwarding လုပ်ငန်းများ ဆောင်ရွက်ရန် တင်ဒါ ခေါ်ယူခဲ့ရာ CJ Korea Express Asia Pte.ltd မှ တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး နှင့် စင်ကာပူနိုင်ငံ၊ CJ Korea Express Asia Pte.ltd တို့ အကျိုးတူ ပူးပေါင်း၍ CJ Korea Express RT Myanmar Co.,Ltd အဖြစ် ဖက်စပ် ကုမ္ပဏီ တည်ရန် ယနေ့ လက်မှတ် ရေးထိုးခဲ့ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)