Connect with us

Social

၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် အတွင်း မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်မီး ရရှိရေး မကြာမီ ပထမ အဆင့် အကောင်အထည် ဖော်မည်

ရန်ကုန်မြို့လယ်ရှိ ဆူးလေစေတီ အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် အတွင်း မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အား အပြည့်အဝ ရရှိရေး အတွက် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေး စီမံချက် ရေးဆွဲထားပြီး မကြာမီ စီမံကိန်း ပထမအဆင့် အကောင် အထည်ဖော် ဆောင်ရွက်ရန် ကြိုးပမ်းလျက် ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ကမ္ဘာ့ဘဏ် အကူအညီဖြင့်ရေးဆွဲထားသည့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက်၏ ပထမအဆင့် ဖြစ်သည့် လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေး လုပ်ဆောင်ချက်ကို လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန တို့မှ မကြာမီ စတင် အကောင်အထည် ဖော်ရန် စီစဉ်လျက်ရှိပြီး ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ချေးယူကာ လျှပ်စစ်မီး ရရှိရေး လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများ၌ မဟာဓာတ်အား လိုင်းနှင့် နီးသော ကျေးရွာများ လျှပ်စစ်မီး ရရှိရေး အတွက် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ယူ လုပ်ဆောင်မည် ဖြစ်ပြီး မဟာ ဓာတ်အားလိုင်းနှင့် ဝေးကွာသော ကျေးရွာများ လျှပ်စစ်မီးရရှိရေး အတွက် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပြီး၊ စီမံချက် ပထမအဆင့် အတွက် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ အမေရိကန် ဒေါ်လာ သန်း ၃၀၀ သုံးစွဲကာ လုပ်ဆောင်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

မြန်မာနိုင်ငံ၌ ကျေးရွာပေါင်း ၆၂,၀၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၃၆,၀၀၀ ကျော်မှာ လျှပ်စစ်မီး ရရှိခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117