Connect with us

Local

ပို့ဆောင်ရေး ကဏ္ဍတွင် လေယာဉ် ၁၈ စင်း အင်အား ဖြည့်တင်းရန် စီစဉ်ထား

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရပ်နားထားသော လေယာဉ်များ အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

လေကြောင်း ပို့ဆောင်ရေး ကဏ္ဍတွင် ခေတ်မီ လေယာဉ်များ ကိုဝယ်ယူ ငှားရမ်းပြီး ခရီးသည်နှင့်ကုန်စည် ပို့ဆောင်ခြင်းကို့ ဆောင်ရွက်နိုင်ရန် စုစုပေါင်း လေယာဉ် ၁၈ စင်း အင်အား ဖြည့်တင်းရန် စီစဉ်ထားပြီး ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်သည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူက “ကျွန်တော်တို့ဌာနက တာဝန်ယူ ဆောင်ရွက်နေတဲ့ ရေကြောင်း၊ လေကြောင်းပို့ဆောင်ရေး ကဏ္ဍတွေ ရေရှည် ဖွံ့ဖြိုး တိုးတက်အောင် ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ခြင်း၊ အသစ် ရေးဆွဲခြင်းနှင့်National Transport Master Plan ရေးဆွဲပြီး စီမံဆောင် ရွက်လျက် ရှိပါတယ်’’ ဟုပြောသည်။

နိုင်ငံပိုင်နှင့် အမျိုးသား ပုဂ္ဂလိက လေကြောင်းလိုင်း အရေအတွက် အနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် လေကြောင်း လိုင်း ခြောက်လိုင်း ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် လေကြောင်းလိုင်း ၁၀ လိုင်း အထိတိုး တက်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပံျသန်းသည့် နိုင်ငံတကာ လေကြောင်းလိုင်း အရေ အတွက်သည် ၂၀၁၀ ပြည့်နှစ်တွင် လေကြောင်းလိုင်း ၁၃ လိုင်းမှ ၂၀၁၄ ခုနှစ်တွင် လေကြောင်းလိုင်း ၂၃ လိုင်း အထိ တိုးတက်လာကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)