Connect with us

Social

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖြစ်မှ သတင်း မီဒီယာ ကောင်စီ အဖြစ် အသစ်ပြင်ဆင် ဖွဲ့စည်းရန် သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ် တင်မြှောက်

သတင်း မီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

သတင်းမီဒီယာ ဥပဒေနှင့် သတင်းမီဒီယာ နည်းဥပဒေများ အရ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖြစ်မှ “သတင်း မီဒီယာ ကောင်စီ”အဖြစ် ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် အသစ်ပြင်ဆင် ဖွဲ့စည်းရန် အများ ဆန္ဒအရ သတင်းမီဒီယာ ကောင်စီဝင် ကိုယ်စားလှယ် ၂၄ ဦးကို အဆိုပြုထားသူများ ၊ ရွေးချယ်သူများဖြင့် ယနေ့ အောက်တိုဘာ ၂၁ ရက်တွင် ရွေးချယ် တင်မြှောက် ခဲ့သည်။

သတင်းမီဒီယာ ကောင်စီ ရွေးချယ် တင်မြှောက်ရေးနှင့် ပတ်သက်၍ သတင်းမီဒီယာ ကောင်စီဝင် ရွေးချယ် တင်မြှောက်ရေး အဖွဲ့ ဥက္ကဌ ဦးမော်သန်းက “ကျွန်တော်တို့ အဖွဲ့အနေနဲ့ရွေးချယ်တာမှာ ဘာမှ မပါပါဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရွေးချယ်ပြီး လွှတ်တဲ့ သူတွေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ ရွေးချယ်ရန် ကိစ္စတွေလဲ ဒီမှာပဲ မီဒီယာ အဖွဲ့ဝင်တွေက ကိုယ်ဘာသာကိုယ် ရွေးချယ်မှာ ဖြစ်ပါတယ်”ဟု ပြောကြား ခဲ့သည်။

သတင်းမီဒီယာ ကောင်စီဝင်များ ရွေးချယ် တင်မြှောက်ရာတွင် အဆိုပြုလာသည့် ကိုယ်စားလှယ်လောင်း ၊ ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းများအနက် တစ်ဦးချင်း ကိုယ်စားလှယ်လောင်းများမှ ၂ ဦးကို မဲပေး ရွေးချယ်ခြင်း ၊ ပုံနှိပ်/ထုတ်ဝေသူများ / ဖြန့်ချိသူများမှ ကိုယ်စားလှယ် ၂ ဦး ရွေးချယ်ခြင်း နှင့် စာရေးဆရာများမှ ကိုယ်စားလှယ် ၂ ဦး ရွေးချယ်ခြင်းများကို ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ သတင်း မီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား တွင် ရှင်းလင်း ပြောနေစဉ် (ဆင်ဟွာ)

သတင်း မီဒီယာ ကောင်စီဝင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်စားလှယ်လောင်းများကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ ဆောင်ရွက်ချက်များနှင့် သတင်းမီဒီယာ ကောင်စီမှ ဆက်လက် ဆောင်ရွက်ဖွယ်ရာများကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက “စာနယ်ဇင်း ကောင်စီ (ယာယီ) ရဲ ့သုံးနှစ်ကာလ အတွင်းမှာ သတင်းမီဒီယာ နယ်ပယ် လုပ်ငန်း ဖွံ့ဖြိုး တိုးတတ်ဖို့၊ အရည်အချင်း တိုးတက်ဖို့၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာတွေ မြှင့်တင်ပေးဖို့၊ သတင်း မီဒီယာသမားတွေရဲ ့အခွင့်အရေး ရပိုင်ခွင့်တွေ ရယူပေးဖို့အန္တရာယ်ပိုင်း ဆိုင်ရာ အခက်အခဲတွေကို ကာကွယ်ပေးဖို့တတ်စွမ်းသလောက် ကိုယ်စွမ်း ၊ ဉာဏ်စွမ်း ရှိသ၍ ထမ်းဆောင်ခဲ့ပါတယ်။ ကောင်စီ စပြီး ထူထောင်ထဲက ကောင်စီရဲ ့အဓိက တာဝန်က သတင်းမီဒီယာ ဥပဒေ ထွက်ဖို့ပါ။ သတင်းမီဒီယာ ဥပဒေ/နည်းဥပဒေနဲ့အညီ ပေါ်လာတဲ့ သတင်းမီဒီယာ ကောင်စီ ပေါ်ပေါက်ဖို့ပါပဲ”ဟု ပြောကြားခဲ့သည်။

သတင်းမီဒီယာ ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များတွင် အဓိကလုပ်ဆောင်ရမည့် တာဝန်မှာ ကန့်ကွက်လွှာများကို ဖြေရှင်းရမည့် တာဝန်ဟု ထင်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) သည် သုံးနှစ်တာ သက်တမ်း ကာလအတွင်း ကန့်ကွက်ချက်ပေါင်း ၁၀၀ ကျော် ဖြေရှင်းခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။ယခု ရွေးချယ် တင်မြှောက်လိုက်သည့် သတင်းမီဒီယာ ကောင်စီဝင်များကို ယနေ့မှ စတင်၍ ၇ ရက်အတွင်း ကန့်ကွက် တင်ပြနိုင်ပြီးနောက် အဆိုပြုသည့် ကောင်စီဝင်များနှင့် ရွေးချယ် တင်မြှောက်ခြင်း ခံရသော ကောင်စီဝင်များသည် ကောင်စီ၏ ဥက္ကဌ ၁ ဦး ၊ ဒုတိယ ဥက္ကဌ ၂ ဦး ၊ အတွင်းရေးမှူး ၁ ဦး ၊ တွဲဖက် အတွင်းရေးမှူး ၂ ဦး ၊ ဘဏ္ဍာရေးမှူး ၁ ဦးနှင့် စာရင်းစစ် ၁ ဦး တို့ကို ကောင်စီဝင်များထဲမှ အများဆန္ဒအရ ရွေးချယ် တင်မြှောက်ပြီး နိုင်ငံတော် သမ္မတထံ တင်ပြ၍ အမိန့်ကြေညာစာ ထုတ်ပြန် ဖွဲ့စည်းပြီးနောက် နိုင်ငံတော် သမ္မတ ရှေ့မှောက်တွင် ကတိ သစ္စာ ပြုရမည် ဖြစ်သည်။

သတင်းမီဒီယာ ကောင်စီဝင် ၂၄ ဦးမှာ နိုင်ငံတော် သမ္မတက အဆိုပြုသည့် ဦးဟန်ညွှန့်၊ အမျိုးသား လွတ်တော် ဥက္ကဌက အဆိုပြုသည့် ဦးတင်မောင်အေး ၊ ပြည်သူ့လွတ်တော် ဥက္ကဌက အဆိုပြုသည့် ဦးအောင်လှထွန်း ၊ သတင်းမီဒီယာများမှ အဆိုပြုသည့် ဦးသီဟစော ၊ ဒေါ်သင်းသင်းသာ ၊ ဦးဇေယျာလှိုင် ၊ ဦးခိုင်မြတ်ကျော် ၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ ( ယာယီ )မှ အဆိုပြုသည့် ဦးခင်မောင်လေး ၊ ဦးဖေမြင့် ၊ သတင်းမီဒီယာ အသင်းအဖွဲ့များမှ အဆိုပြုသည့် ဦးကျော်စွာမင်း ၊ ဒေါက်တာ မောင်မောင်စံ ၊ ဒေါက်တာ ဇော်သန်း ၊ ဦးမျိုးမင်းယု(ခ) မျိုးကိုမျိုး ၊ ဦးမြင့်ကျော် ၊ သတင်း အေဂျင်စီများမှ ကိုယ်စားလှယ် ဦးဟံသာညိန်း ၊ လူမှုရေး ၊ စီးပွားရေး ၊ စာပေယဉ်ကျေးမှု ၊ ဥပဒေရေးရာ ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာရှင် ၊ အတတ်ပညာရှင်များ ပါဝင်သည့် လူထုအဖွဲ့ အစည်းများက ရွေးချယ် အဆိုပြုသည့် ဒေါက်တာတင်လှိုင် (ဘိုးလှိုင်) ၊ ဒေါက်တာ မျိုးသန့်တင် ၊ ပါမောက္ခ ဒေါက်တာ မြင့်မောင်မောင် တို့နှင့် တစ်ဦးချင်း ကိုယ်စားလှယ်များ အဖြစ် ဦးအုန်းကြိုင် ၊ ဦးတင်ထွန်း ၊ ပုံနှိပ်/ထုတ်ဝေသူများ/ဖြန့်ချိသူများမှ ကိုယ်စားလှယ် ဦးသိမ်းစိုး ၊ ဦးမင်းဟန် ၊ စာရေးဆရာများမှ ကိုယ်စားလှယ်များ ဖြစ်သည့် ဦးဇေယျ ၊ ဦးချစ်နိုင်(စိတ်ပညာ) တို့ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117