Connect with us

Social

ပထမဆုံးအကြိမ် ကျောက်စိမ်း/ကျောက်မျက်ပန်းပု ၊ ကျောက်ကပ်ပန်းချီ နှင့် လက်ဝတ်ရတနာ ဒီဇိုင်းပြပွဲ ကျင်းပ

ကျောက်မျက်ဒီဇိုင်းပြိုင်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ပြည်မြန်မာ တိုင်းရင်းသားပါကွဲ့ ရေပေါ်မှာ ဈေးဝယ်ထွက်ပါလို့ ပျိုတို့မောင်ဒီကနေ့မှာ ဖြင့် ဟင်းလျာ ဘာကို ချက်ရပါ့ ပြောခဲ့ပါဦး ဟူသည့် ကျောက်ပေါင်း ၁၅မျိုး နှင့် စီချယ်ထားသည့် ပန်းချီကား၏နာမည်က အင်းလေး ရေပေါ်ဈေးပါ။

ထိုကဲ့သို့ ကဗျာလေးများ နှင့် ပန်းချီများ ကို မြန်မာ့ရိုးယဉ်ကျေးမှု ပုံးစံများဖြင့် မြန်မာ့ ကျောက်မျက်ရတနာ များ ဖြင့် စီခြယ်ရေးခြစ်ထားသည့် ပန်းချီကားများ၊ မြန်မာ့ ကျောက်မျက်များဖြင့် ထွင်းထုထားသည့် ပန်းပုလက်ရာများ၊ မြန်မာ့ ကျောက်မျက်ရတနာများဖြင့် အထည်ခတ်ထားသည့် လက်ဝတ်လက်စားများ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

ထိုပန်းချီကားများ၊ ကျောက်မျက်ပန်းပုများ၊ လက်ဝတ်ရတနာများကို သြဂုတ်လ ၃ ရက် နေ့တွင် ကျရောက်မည့် မြန်မာ့ ကျောက်မျက်ရတနာနေ့ အထိမ်းအမှတ် အဖြစ် မြန်မာမှုလက်ရာ ကျောက်မျက်ပန်းပု၊ ကျောက်ကပ်ပန်းချီ နှင့် လက်ဝတ်ရတနာ ဒီဇိုင်းပြိုင်ပွဲ အခမ်းအနားအစီအစဉ် ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထားသည့် မြင်ကွင်းဖြစ်သည်။

ကျောက်မျက်များဖြင့် ထွင်းထုထားသည့် ပန်းပုဒီဇိုင်းဖြင့် ယှဉ်ပြိုင်သည့် ဦးအောင်ကျော်ဟိန်းက “ကျွန်တော် ပန်းပုလုပ်ငန်းလုပ်ကိုင်လာတာ နှစ် ၂၀ ကျော်ပါပြီ။ ဒီပြိုင်ပွဲကို ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲဝင်ဖြစ်ခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲလုပ်တာ အရမ်းကောင်းပါတယ်။ ကျွန်တော့် ပန်းပုဒီဇိုင်းက တတိယ ဆုရပါတယ်။ နောင်နှစ်တွေ မှာ ပြိုင်ပွဲ ဝင်မယ့် လူတွေအနေနဲ့လည်း မြန်မာမှုကို အဓိက လေ့လာပြီး ပြိုင်ပွဲ ဝင်စေချင်ပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

လက်ဝတ်ရတနာများ၊ ပန်းချီ၊ ပန်းပုလက်ရာများဖြင့် မြန်မာမှုလက်ရာ ကျောက်စိမ်း/ကျောက်မျက်ပန်းပု၊ ပန်းချီ နှင့် လက်ဝတ်ရတနာ ဒီဇိုင်းပြပွဲတွင် မြန်မာ့အနုပညာလက်ရာများကို ကြည့်ရှုသူများ ဖြင့် စည်ကားနေတာတွေ့ရသည်။

ပြိုင်ပွဲသို့လာရောက်ကြည့်ရှုသည့် ကျောက်မျက်ဆိုင်ရှင်တစ်ဦးက “ပြိုင်ပွဲတော့ဝင်မထားပါဘူး။ လာလေ့လာတာပါ။ နောက်ဒီလို ပြိုင်ပွဲတွေ များများလုပ်စေချင်ပါတယ်’’ ဟု ဆင်ဟွာကိုပြောသည်။

ရန်ကုန်တိုင်း ကျောက်မျက်လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဒေါ်ကလျာပြည့်ဝေသျှံက “ဒီပြိုင်ပွဲမှာ ဒိုင်လူကြီးတစ်ဦးအနေနဲ့ ပါတာဖြစ်ပါတယ်။ ဒီပွဲက မြန်မာပြည်မှာ ပထမဆုံးလုပ်တဲ့ပွဲပါ။ လုပ်ရတဲ့ ရည်ရွယ်ချက်က ဒီနိုင်ငံမှာ အကြမ်းထည်တွေ၊ အရိုင်းထည်တွေကို ထုတ်လုပ်သလို ဒီအချောထည်လို့ခေါ်တဲ့ ကိုယ့်နိုင်ငံက လုပ်တဲ့ အသင့် လက်ဝတ်ရတနာတွေကို ကမ္ဘာပေါ်ကို ထုတ်လုပ်ဖြန့်ချိနေပါတယ်။ အရေးအကြီးဆုံးက လက်ရာသေသပ်မှု၊ ဒီဇိုင်းလှပမှု ဒါတွေမြန်မာနိုင်ငံမှာ ရှိတယ်ဆိုတာမျိုး စိတ်ဝင်စားမှု တွေပိုပြီးများပြားလာအောင်၊ ဒါကို ကမ္ဘာက သိအောင်ရည်ရွယ်ချက်တွေနဲ့ ဒီပွဲကို ပထမဆုံးအကြိမ်လုပ်တာ ဖြစ်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ပြိုင်ပွဲဝင်စုစုပေါင်း ၅၀ နီးပါးရှိပြီး၊ ကျောက်ပန်းချီ၊ ကျောက်စိမ်းပန်းပု၊ ပယင်းပန်းပု၊ လက်ဝတ်ရတနာ အပါအဝင် အမျိုးအစားပေါင်း ၁၀၀ ကျော်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ ထိုပြိုင်ပွဲတွင် ဒိုင်အဖွဲ့ဝင် ၁၀ ယောကပါဝင်ကြောင်းသိရသည်။

“သူ့ကဏ္ဍနဲ့ သူကျွမ်းကျင်သူတွေက ဒိုင်အနေနဲ့ ပါဝင်တာဖြစ်တယ်။ ကျောက်စိမ်း၊ကျောက်မျက်၊ ပန်းပုအတွက် ဆိုရင် ဆုတစ်ခု၊ ကျောက်ပန်းချီကားအတွက်ဆိုရင် ဆုတစ်ခု၊ လက်ဝတ်ရတနာတွေဆိုရင် သူ့ကဏ္ဍအလိုက်ဆုတွေ သတ်မှတ်ထားတယ်။ မြန်မာပြည်ကထွက်တဲ့ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ရောက်စုံကျောက်တွေ ၊ ပုလဲ စတဲ့ မြန်မာပြည်မှာ ထွက်တဲ့ ကျောက်မျက်တွေကို အဓိက ထားပြီး ပြိုင်ကြပါတယ်။ ကျွန်မတို့က ဒီတစ်ခေါက်မှာ လွတ်လွတ်လပ်လပ် ပဲ။ ခေါင်းစဉ်ပေးထားတာ မရှိ။ ဒါကြောင့် ပြိုင်တဲ့ သူတွေက သူတို့စိတ်ကြိုက် သူတို့ခေါင်းစဉ်လေးနဲ့ပြိုင်ကြတယ်။’’ ဟု ဒေါ်ကလျာပြည့်ဝေသျှံက ပြောသည်။

ယခုပွဲသည် ကျောက်မျက်ရတနာ နေ့ကိုဂုဏ်ပြုပြီးကျင်းပတဲ့ပွဲဖြစ်ပြီး၊ အခုပထမဆုံးကျင်းပ ပြီး နောက်နှစ်တွေပါ ကျင်းပနိုင်အောင်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ကျောက်မျက် အချောထည်ဈေးကွက်ဖွံ့ဖြိုးတိုးတက်လာအောင် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာထွက်ရှိသည့် အဖိုးတန်ကျောက်မျက်များကိုလည်း ဂုဏ်ပြုပြီးသားဖြစ်ကြောင်းသိရသည်။

လက်ဝတ်ရတနာဒီဇိုင်းပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစံမျိုးက “ကျောက်မျက်တွေ ဒီအတိုင်းရောင်းတာထက်စာရင် အချောထည်ဈေးကွက် တိုးတက်လာအောင်ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါတယ်။ ဒီဇိုင်းပြိုင်ပွဲမှာ ဆုတွေ အနေနဲ့ကတော့ သူ့အပိုင်းနဲ့ သူ ဆုတွေ သတ်မှတ်ထားပါတယ်။ နောက်နှစ်မှာလည်း ကျောက်မျက်ရတနာနေ့ ကျင်းပတဲ့ အချိန်နီးရင် ဒီဇိုင်းပြိုင်ပွဲကို အခု ထက်စည်ကားသိုက်မြိုက်စွာကျင်းပမယ်လို့ ပြောချင်ပါတယ်။’’ ဟုပြောသည်။

မြန်မာ့ကျောက်မျက်ရတနာနေ့အထိမ်းအမှတ်ပြိုင်ပွဲဝင် ကျောက်ကပ်ပန်းချီ၊ ကျောက်စိမ်း/ကျောက်မျက်ပန်းပု လက်ဝတ်ရတနာဒီဇိုင်းပြိုင်ပွဲဝင်ပစ္စည်းများ အကဲဖြတ်စစ်ဆေးခြင်းမြန်မာ့ကျောက်မျက်ရတနာနေ့အထိမ်းအမှတ် မြန်မာမှုလက်ရာကျောက်စိမ်း/ကျောက်မျက်ပန်းပု၊ ကျောက်ကပ်ပန်းချီနှင့် လက်ဝတ်ရတနာဒီဇိုင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ကျောက်ကပ်ပန်းချီများ၊ ကျောက်စိမ်း၊ကျောက်မျက်ပန်းပုရုပ်တုများ၊ လက်ဝတ်ရတနာဒီဇိုင်းအမျိုးမျိုးတို့ကို သက်ဆိုင်ရာတာဝန်ရှိ အကဲဖြတ်ဒိုင်လူကြီးများမှ (၂၇.၇.၂၀၁၇)ရက်နေ့မှစတင်စစ်ဆေး၊ အကဲဖြတ်အမှတ်ပေးလျှက်ရပြီး၊ စစ်ဆေးအကဲဖြတ်အမှတ်ပေးခြင်းကို (၂၈.၇.၂၀၁၇)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဆုရရှိသူများကို (၂၉.၇.၂၀၁၇)ရက်နေ့ ယနေ့တွင် ဆုံးဖြတ်ကြေညာကာ ဆုဆွတ်ခူးရရှိသူများကို (၃.၈.၂၀၁၇)ရက်နေ့ မြန်မာ့ကျောက်မျက်ရတနာနေ့တွင် ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.