Social
မူဆယ် ခရိုင် အတွင်း တရားမဝင်သစ် ၃၅ တန် တင်ဆောင်ထားသော ၆ ဘီးယာဉ် ၃ စီး ဖမ်းဆီး ရမိ

ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ်(လားရှိုး) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်း မြို့နယ် ၊ ကွမ်းလုံကျေးရွာနေရာ၌ တရားမဝင်သစ် ၃၅ တန် တင်ဆောင်ထားသော ၆ ဘီးယာဉ် ၃ စီးအား ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ထိုတရားမဝင် ကျွန်း/ပိတောက်သစ်/ဓါးရွေ(၂၀၅)လုံး/တုံး(၃၅.၀၀၄၄)တန်တင်ဆောင်ထားသော ယာဉ် အမှတ်မပါ (၆)ဘီး ယာဉ်(၃)စီးအား ဧပြီ ၂၉ ရက်တွင် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်ရှာဖွေ ဖော်ထုတ် ဖမ်းဆီးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ရာတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုဖမ်းဆီးရမိ တရားမဝင်သစ်များ၊ ယာဉ်များနှင့်ဆက်စပ်သည့် တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)