Connect with us

Media

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ၁၈ ဘီး ကားအတွင်း လူပေါင်း ၄၀ ကျော် သေဆုံးလျက်တွေ့ရှိ

ဟူစတန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆမ်အန်တိုနီယိုရှိ ထွန်စက်နောက်တွဲယာဉ်တစ်စင်းပေါ်တွင် ဇွန် ၂၇ ရက်က လူပေါင်း ၄၀ ဦးသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံမီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထရပ်ကားအား ယင်းမြို့၏ တောင်ပိုင်း အစွန်အဖျား၊ ဝေးလံသည့်နေရာရှိ ရထားသံလမ်းဘေးတွင် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

အထောက်အထားမဲ့ရွှေ့ပြောင်းဒုက္ခသည် ပေါင်း ၄၆ ဦး သည် ၁၈ ဘီးကားအတွင်း အပူဒဏ်ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသန္တရမီးသတ်ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်များကို ကိုးကားကာ သတင်းထုတ်ပြန်ထားသည်။

အခြားသူ ၁၅ ဦး ခန့်အား ကယ်ဆယ်နိုင်ခဲ့ပြီး ဒေသတွင်းဆေးရုံများသို့ပို့ဆောင်ထားကြောင်း သိရသည်။ ၎င်းတို့အနက် ၅ ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိကြောင်း သတင်းများအရသိရသည်။ (Xinhua)

……………………………………

(English Version)

GLOBALink | Over 40 people found dead inside 18-wheeler in Texas, U.S.

HOUSTON, June 28 (Xinhua) — More than 40 people were found dead on Monday inside a tractor-trailer in San Antonio, U.S. state of Texas, local media reported.

The truck was found next to railroad tracks in a remote area on the city’s southern outskirts, according to the reports.

Forty-six suspected undocumented migrants died from heat in the 18-wheeler, said the reports, citing local fire department authorities.

About 15 others were rescued and transported to area hospitals. At least five of them were in critical conditions, said the reports.

 

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.