Connect with us

Social

အလုပ်သမားထု၏ ဘဝကိုအကာအကွယ်ပေးနိုင်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောကြား

(၁၂၈)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွင်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း အမှာစကားပြောကြားစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)

အလုပ်သမားများ၏ အခွင့်အရေး ရှင်သန်နိုင်ရန်နှင့် တိုင်းပြည်၏စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်သမားထု၏ ဘဝကို အကာအကွယ်ပေးနိုင်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောသည်။

ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ်၊စိန်ရတုခန်းမ၌ ပြုလုပ်သည (၁၂၈)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကအမှာ စကားပြောကြားစဉ် အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံ ကျွန်တော်တို့ တိုင်း ဖွံ့ဖြိုးရေးအတွက် အလုပ်သမားထုရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ တည်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အလုပ်သမားတွေရဲ့ အခွင့်အရေး ရှင်သန်နိုင်

ဖို့နဲ့ တိုင်းပြည်ရဲ့ စီးပွား ဖွံ့ဖြိုးတိုးတက်ရေး တိုးတက်နိုင်ဖို့အတွက် အလုပ်သမားထုရဲ့ဘဝကို အကာအကွယ်ပေးနိုင်မှကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တု့ိ ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ် အသီးသီးကို ကြိုးပမ်းဆောင်ရွက်နေကြတဲ့ အလုပ်သမားထုအားလုံး အလုပ်ရှင်တွေ အစိုးရတွေအားလုံး ပူးပေါင်းပြီး ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပါလို့ ကျွန်တော်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်”ဟုဝန်ကြီးချုပ်က ပြောသည်။

အလုပ်သမားများရသင့်ရထိုက်သည့် အခွင့်အရေးများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာမှုအပေါ်စနစ်ကျသည့် ဆောင်ရွက်မှုများကြိုးပမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား၊အစိုးရဟူသည့် ဆက်ဆံရေး ယန ္တရားတစ်ခု ရှိနေမည် ဖြစ်ပြီးမှန်ကန်သည့်အယူအဆ၊ မှန်ကန်သည့်ရပ်တည်မှုများဖြင့်တရားမျှတသည့်ဆုံးဖြတ်မှုများကိုအားလုံးညီညီညွတ်ညွတ်ဆုံးဖြတ်ပေးရန်လိုအပ်ကြောင်း၊ ခေတ်စနစ်တစ်ခုကို ထူထောင်ရာတွင် ဘက်ပေါင်းစုံမှ အားလုံးလိုက်ပါဆောင်ရွက်နိုင် သည့် အခြေအနေတစ်ခုအားဆုံးဖြတ်ရန် လိုအပ်ပြီးဘက်တစ်ဖက် အမြင်တစ်ခုမှမဆုံးဖြတ်မိရန် လိုအပ်ကြောင်း၎င်းကပြောသည်။

ထို့ကြောင့်အလုပ်ရှင်ဘက်ကဖြစ်စေ၊အလုပ်သမားဘက်ကဖြစ်စေ၊ အစိုးရဘက်ကပဲဖြစ်စေ၊ ပြဿနာတစ်ရပ်ကို ဖြေရှင်းဆောင်ရွက်ရာတွင်တရားမျှတမှုကို ကိုင်စွဲရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သည် စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုနေသည့် တိုင်းကြီးဖြစ်ပြီး အလုပ်သမားအများဆုံးရှိရာ တိုင်းတစ်တိုင်းဖြစ်ကြောင်းစက်ရုံ၊ အလုပ်ရုံတွေများစွာ ရှိပြီး စီးပွားရေးအရလည်း ဖွံ့ဖြိုးမှုကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည့်အချိန် ကာလတစ်ခုဖြစ်ကြောင်း၎င်းကပြောသည်။

ခေတ်အဆက်ဆက်၊စနစ် အမျိုးမျိုးကြားတွင်အလုပ်သမားထုတစ်ရပ်လုံးသည်၊ဘဝရပ်တည်ရှင်သန်နိုင်ရန်နှင့်

အလုပ်သမားထု၏အခွင့်အရေးများရရှိရန်အတွက်တိုက်ပွဲဝင်ခဲ့ကြကြောင်းလွန်ခဲ့သည့်(၁၂၇)နှစ်၊ကမ္ဘာ့အလုပ်သမားလှုပ်ရှားမှုကြီးကစတင်ပြီးကမ္ဘာတစ်ဝှမ်းလုံးတွင်မေဒေးနေ့ပေါ်ထွန်းခဲ့ခြင်းဖြစ်ကြောင်းယင်းဖြစ်စဉ်မှစတင်ပြီးအလုပ်ချိန်သတ်မှတ်မှု၊အလုပ်သမားများအပေါ်ဖိနှိမ့်မှု၊အလုပ်သမား၏နေထိုင်မှုဘဝများ၊လူမှုဖူလုံရေးဘဝများအတွက်အဆင့်ဆင့်သော ပြုပြင်ပြောင်းလဲမှုတွေကိုအလုပ်သမားထုတစ်ရပ်လုံး၏သွေးစည်းညီညွတ်မှုဖြင့်စတင်

နိုင်ခဲ့ခြင်းဖြစ်ကြောင်းယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးယနေ့အချိန်အထိ အလုပ်သမားထု၏ အခွင့်အ ရေးနှင့်အလုပ်သမားထုဘဝရပ်တည်ရှင် သန် နိုင်ရန်အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် တိုက်ပွဲအဆက်ဆက်မှကျဆုံးသွားကြသည့်အလုပ်သမားခေါင်းဆောင်များကို

ဦးညွှတ်ဂုဏ်ပြုရမည်ဖြစ်ကြောင်း၎င်းကပြော သည်။

(၁၂၈) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ကြီး မှစတင်ပြီးလုပ်သမားထု တစ်ရပ်လုံး ၏ သွေးစည်းညီညွတ်မှု နှင့်တရားမျှတသည့် အမှန်တရားများကို ကိုင်စွဲကာ အလုပ်သမားထုဘဝ မြှင့်တင်ရေး၊ အလုပ်သမားထု၏ အကျိုးစီပွားကာကွယ်ရေးအတွက် ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်ကြရန်ဝန်ကြီးချုပ်ကတိုက် တွန်းပြောကြားသည်။

ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ပြည်သူတစ်ရပ်လုံးက အလုပ်သမား၊လယ်သမားထုတစ်ရပ်လုံး စုပေါင်းသည့် စွမ်းအားဖြင့်အောင်ပွဲရယူနိုင်ခဲ့သကဲ့သို့အားလုံးလက်တွဲပြီးသွေးစည်းညွတ်ရမည့်အချိန်တွင် စိန်ခေါ်မှုပေါင်းမြောက်မြားစွာကို ပြည်သူတစ်ရပ်လုံးက လက်တွဲပြီး အောင်ပွဲအရယူရမည့်စိတ်ဓာတ်ကို စတင်မွေးမြူနိုင်ရန်ရည်ရွယ်ချက်ဖြင့် (၁၂၈)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကို ကျင်းပ ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.