Connect with us

Social

မြန်မာ့သနပ်ခါး ပွဲတော် ကျင်းပမည်

မန္တလေးမြို့ရှိ သနပ်ခါးအရောင်းဆိုင်များအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ကျောက်တော်ကြီး ဘုရားဝင်းအတွင် မြန်မာ့သနပ်ခါး ပွဲတော်ကို မတ် ၃၀နှင့် ၃၁ရက် နှစ်ရက် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာ့သနပ်ခါး စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှကြီးမှူး၍ ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ သနပ်ခါး အရောင်းပြခန်းနှင့် သနပ်ခါး အသွေး၊ အလိမ်းပြိုင်ပွဲကြီးကို ကျင်းပမည်ဖြစ်ပြီး အဆိုပါ ပြိုင်ပွဲကြီးကို နာမည်ကျော်ရွှေပြည်နန်းသနပ်ခါး၊ ဒေါ်သီသနပ်ခါး၊ ရွှေဘို မင်းသမီးသနပ်ခါးနှင့် ဆွစ်ဇာလန် နိုင်ငံအခြေစိုက် HELVRTAS အသင်းကြီးတို့၏ ကူညီပံ့ပိုးမှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့သနပ်ခါး အရောင်းပွဲတော်ကြီးတွင် သနပ်ခါးစိုက်ဒေသများဖြစ်သော ရေစကြိုမြို့နယ် ရှင်မတောင် သနပ်ခါး၊ မြိုင်မြို့နယ် သနပ်ခါး၊ ပခုက္ကူသနပ်ခါး၊ အရာတော် သနပ်ခါး၊ ရွှေဘိုသနပ်ခါးဆိုင်ခန်း ပေါင်းများစွာဖြင့် ခင်းကျင်းရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။

သနပ်ခါး အရောင်းပွဲတော်ကြီးတွင် သနပ်ခါးအသွေး ပြိုင်ပွဲ၊ အလိမ်းပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသွား မည်ဖြစ်ပြီး ပထမဆုငွေကျပ်သုံး သိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်း၊ တတိယဆု ငွေကျပ်တစ်သိန်း ချီးမြှင့်သွား မည်ဖြစ်ပြီး သနပ်ခါးနှင့် ပတ်သက်သော ဗဟုသုတအမေးအဖြေပြိုင်ပွဲ ကိုလည်း ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.