Connect with us

Social

မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွား လိပ်မျိုးစိတ် ၁၁ မျိုးအထိရှိလာ

ဒေသရင်းဖွား လိပ်မျိုးစိတ်အချို့ကို တွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွားလိပ်မျိုးစိတ်သည် လက်ရှိတွင် ၁၁မျိုးအထိ ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခင်က ရှစ်မျိုးသတ်မှတ်ထားသော်လည်း ယခုတွင် ၁၁ မျိုးသတ်မှတ်လိုက်ပြီး သုံးမျိုး ထပ်တိုးလာကြောင်း၊ အသစ်တိုးလာသော လိပ် သုံးမျိုးမှာ မြန်မာ့အနား ပျော့လိပ်၊ မြန်မာ့ဖက်လိပ်နှင့် မြန်မာ့လေးကွက် လိပ်တို့ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် IUCN Red List အစည်းအဝေးတွင် လိပ်မျိုးစိတ်ပေါင်း ၉ဝ ကို ပြန်လည်သုံးသပ်ခဲ့ပြီး ယခင်က အရှေ့တောင်အာရှတွင်သာရှိသော အနား ပျော့လိပ်ဟူ၍ စုပေါင်းသတ်မှတ်ထားရာမှ ယခု အစည်းအဝေးတွင် မြန်မာ့အနားပျော့လိပ်ဟူ၍ သီးသန့် ပြန်ခွဲကာ တစ်မျိုးထပ်တိုးခြင်းလည်း ဖြစ်ခဲ့ကြောင်း သိရသည်။

ယခင်က ဒေသရင်းဖွားလိပ်မျိုးစိတ် ရှစ်မျိုးထဲက မျိုးစိတ်ခွဲ နှစ်မျိုးအဖြစ် သတ်မှတ်ထားခဲ့သော မြန်မာ့ လိပ်ရင်ကျိုးနှင့် မြန်မာလိပ်ပုပ်ကြီးတို့မှာ ယခု အစည်း အဝေးတွင် မျိုးစိတ်ခွဲ မဟုတ်တော့ဘဲ မျိုးစိတ်တစ်မျိုးစီ အဖြစ်လည်း သီးသန့် သတ်မှတ်လိုက်ကြောင်း သိရသည်။

ဒေသရင်းဖွား လိပ်မျိုးစိတ် ၁၁ မျိုးသည် မြန်မာ့အနားပျော့လိပ် (Myanmar soft-shell turtle)၊ မြန်မာ့ဖက်လိပ် (Myanmar leaf turtle)၊ မြန်မာ့လေးကွက်လိပ် (Myanmar peacock soft-shell turtle)၊ မြန်မာ့တိုက်လိပ် (Myanmar roofed turtle)၊ ရှမ်းကြီးလက်မောင်းလိပ် (Myanmar narrow headed soft-shell turtles)၊ မြန်မာ့ကြယ်လိပ် (Myanmar star tortoise)၊ မြန်မာစင်းလျောလိပ် (Myanmar flapshell turtle)၊ မြန်မာမျက်လုံးလိပ် (Myanmar Eyed turtle)၊ ရခိုင်တောင်လိပ် (Arakan forest turtle)၊ မြန်မာလိပ်ပုပ်ကြီး (Myanmar black turtle)၊ မြန်မာ့လိပ်ရင်ကျိုး (Myanmar box turtle) တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွား လိပ်မျိုးစိတ်များသည် မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်များဖြစ်ပြီး ယင်းတို့ကို သစ်တော ဦးစီးဌာနနှင့်အတူ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)၊ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ တို့က ပူးပေါင်း၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.