Connect with us

Social

ဘတ်စ်ကားများတွင်ကတ်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြောကြား

အမှတ် (၉၄)ယာဉ်လိုင်းဖွင့်ပွဲနှင့် အကယ်ဒမီပြေတီဦးအား Brand Ambassador ခန့်အပ်ပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားစဉ် (YRG)

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၌ ဘတ်စ်ကားများတွင်ကတ်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။

ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊လူထုမိတ်ဆွေ ယာဉ်လိုင်းဂိတ်ဝင်းအတွင်းပြုလုပ်သည့် “လူထုမိတ်ဆွေ၊ပြည်သူ့အကျိုးပြု ယာဉ်လိုင်း၏ တတိယမြောက်ယာဉ်လိုင်းဖြစ်သော အမှတ် (၉၄)ယာဉ်လိုင်းဖွင့်ပွဲနှင့် အကယ်ဒမီပြေတီဦးအား Brand Ambassador ခန့်အပ်ပွဲ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နောက်ပိုင်းမှာ ဘတ်စ်ကားတွေမှာ ကတ်စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ကိစ္စတစ်ခုကိုလဲ တင်ဒါခေါ်ယူထားပြီး ဖြစ်ပါတယ်။ ကတ်စနစ်နဲ့သာ ဆောင်ရွက်နိုင်မယ်ဆိုရင် ပိုပြီး ထိန်းချုပ်ဆောင်ရွက်နိုင်မှုတွေ အားကောင်းလာမယ်။ ပြည်သူလူထုအတွက်လည်း ငွေကိုင်သုံးစွဲရတဲ့ ဘဝကနေ ကတ်စနစ်နဲ့ ဘဏ်နဲ့ချိတ်ဆက်ဆောင်ရွက်တတ်တဲ့ ပြည်သူလူထုဘဝကို ရောက်လာမှာဖြစ်ပါတယ်။ အသုံးပြုတဲ့ကတ်တွေကလည်း ကတ်တိုင်းကတ်တိုင်းသုံးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ကတ်တစ်ကတ်ကပဲ ဘတ်စ်ကားစီးနိုင်တယ်ဆို ဒီကတ်ကိုပဲကိုင်ကြရမယ့် အခြေအနေမျိုးဖြစ်နေပါတယ်။ ကတ်တိုင်းကတ်တိုင်း ဘတ်စ်ကားစီးနိုင်တယ်ဆိုတဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ပြင်ဆင်နေပါတယ်။ နည်းပညာရပ်နဲ့ ကြည့်မယ်ဆိုရင်လဲ နောက်ဆုံးနည်းပညာရပ်ကို အသုံးပြုနိုင်ဖို့ အတွက် ပြင်ဆင်ပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့နောက်ကျခဲ့ပါတယ်။ နောက်ကျခြင်းရဲ့ အခွင့်အလမ်းကတော့ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုတွေကို နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ယင်းကတ်သည် ဘတ်စ်ကားစီးရုံ မျှမဟုတ်ဘဲ အခြားနယ်ပယ်အသီးသီးတွင်လည်း သုံးစွဲနိုင်ရန်ဖြစ်ကြောင်း ဈေးဝယ်ခြင်း၊ အခြားခြားသော ဘတ်စ်ကားကဲ့သို့သော ရထား၊ရေလမ်းများနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများ၌ပါ သုံးစွဲနိုင်သည့် ကတ်မျိုးဖြစ်ရန် အတွက် အစိုးရအနေဖြင့်ကြိုးစားနေကြောင်း၊ ကတ်ကိုသာသုံးစွဲနိုင်ပါက ဘတ်စ်ကားလိုင်းများတွင် ငွေရေတွက်ရသည့် လုပ်ငန်းကဏ္ဍများ လျော့ပါးသွားမှာဖြစ်ပြီး ယင်းဝန်ထမ်းကိုလည်း အခြားသော ကဏ္ဍနယ်ပယ်များတွင် ပြောင်းလဲအသုံးပြုခွင့် ရလာမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ရန်ကုန်မြို့၌ ဘတ်စ်ကား (၅၀၀၀)ခန့် လှည့်ပတ်ပြီးပြေးဆွဲနေပြီး ယာဉ်လိုင်းသစ်တွေများစွာကိုလည်း တိုးမြှင့်ရန် ကြိုးစားနေကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့အစိုးရဘက်ကနေ တွေးခေါ်ပေါ်ပေါက်လာတာ သက်သက်နဲ့ဆောင်ရွက်နေတာ မဟုတ်ဘူးဆိုတာလည်း ပြောပါရစေ။ ဘာကြောင့်လဲဆို ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုတွေကို ရယူပါတယ်။ နိုင်ငံတကာက ကူညီပေးနေတဲ့သူတွေ များစွာရှိပါတယ်။ JICA ကနေ လာပြီး လေ့လာဆန်းစစ်ပေးနေတယ်။ ဆွီဒင်ဘက်ကနေ ကူညီဆောင်ရွက် ပေးနေတဲ့ အခြေအနေတွေရှိပါတယ်။ ဒီ့အပြင် နိုင်ငံတကာအဝန်းဝိုင်းကနေ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုကို ဝိုင်းဝန်းကူညီနေတဲ့ ADB လို ဘဏ်မျိုးတွေလည်း ရှိပါတယ်။ ဒီကနေ Consultant တွေကိုခေါ်ပြီး Organization Structure ကြီးတွေ ဆောင်ရွက်ရမဲ့ နည်းလမ်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျတိုးတက်သွားစေနိုင်ဖို့ အခြေအနေတွေအားလုံးကို ညှိနှိုင်းပေါင်းစပ် ဆွေးနွေးတိုင်ပင်ပြီးမှ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို စတင်နေတာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

လုပ်ငန်းရှင်များက ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်အမြတ်အစွန်းကို ပဓာနမထားဘဲ ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်မည့် အကျိုးပြုလုပ်ငန်းတစ်ခုကဲ့သို့ ဝင်ရောက်ကူညီခဲ့သည့်အတွက် လုပ်ငန်းရှင်များကို ကျေးဇူးတင်ရှိကြောင်း ၎င်းကပြောသည်။

တစ်ဦးပိုင် တစ်ယောက်ပိုင်ကားများမှာ ရှုံးလျှင်မဖြစ်သည့်အတွက် ပြည်သူ့ဝန်ဆောင်မှု လုပ်နေခြင်းမဟုတ်ဘဲ မရှုံးရေးကိုသာ ရှေးရှုနေခြင်းဖြစ်သည့်အတွက် တစ်ဦးပိုင် တစ်ယောက်ပိုင်ကားများကို ကုမ္ပဏီပုံစံမျိုး ပြောင်းလဲရန် တွန်းအားပေးပြီး လက်ရှိတွင် လည်းပြောင်းလဲနေကြောင်း၊ သို့ရာတွင် တစ်ဦးပိုင် တစ်ယောက်ပိုင်ကားများကိုပင် ကုမ္ပဏီဟန်ဆောင်နေမည်ဆိုပါက ရေရှည်တွင် အနာဂတ်ပျောက်သွားနိုင်ကြောင်း၊ ထို့ကြောင့် ပြောင်းလဲမှုများတွင် စနစ်တကျဖြင့် YRTA ,YBS တို့ဖြင့် ပူးပေါင်းပြီး စနစ်တကျဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ၎င်းကပြောသည်။

“အများပြည်သူလုံခြုံစိတ်ချနိုင်ဖို့အတွက်လည်း Yangon Bus Operator နဲ့ချိတ်တွဲ ထားဖို့အတွက်လည်း ကျွန်တော့်အနေနဲ့တိုက်တွန်းပါတယ်။ ဘာကြောင့်လဲဆို ကားတစ်စီးချင်းစီကို ဘယ်လိုမောင်းနေလဲ ဒီကားရဲ့သုံးစွဲနေတဲ့ စက်သုံးဆီကုန်ကျနေမှု အခြေအနေတွေ ယာဉ်လိုင်းကြောင်းပေါ်မှာ ဘယ်လောက်ကြာကြာ ပြေးဆွဲနေတယ်ဆိုတဲ့ အခြေအနေတွေ တကယ်ကို မှတ်တိုင်တိုင်းမှာ စနစ်တကျ ရပ်နားရဲ့လားဆိုတဲ့ အခြေအနေတွေကို ပြည်သူ့ရင်ပြင်ထဲမှာရှိတဲ့ Yangon Bus Operator ရုံးကနေ Control လုပ်ထားတာဖြစ်ပါတယ်။ ဒါမှသာလျှင် ယာဉ်လိုင်းတွေတော်တော် များများရဲ့ လုံခြုံစိတ်ချရနိုင်မှု ပြဿနာတစ်ခုခု ပေါ်ထွန်းလာမယ်ဆိုရင် အုပ်ချုပ်ရေးအာဏာပိုင်ဘက်ကနေ ကူညီဆောင်ရွက်ပေးနိုင်မှု တွေကို ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့အခြေအနေသစ်တွေနဲ့အညီ အစိုးရသစ်အနေနဲ့ အများပြည်သူဝန်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်သွားပါမယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါ YBS (၉၄)ယာဉ်လိုင်းသည် ကွန်ပျူတာတက္ကသိုလ်မှ ရန်ကုန်ဘူတာကြီး အထိပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်လူ (၂၈)သိန်းခန့်မှာ လမ်းပေါ်တွင်နည်းလမ်းမျိုးစုံဖြင့် သွားလာနေရပြီး ဘက်စ်ကားများကို စီးနင်းလိုက်ပါရသူများမှာ အနည်းဆုံး (၈၅%)ရှိ သည့်အတွက် လူဦးရေ(၂၄)သိန်းခန့်မှာနေ့စဉ် ဘတ်စ်ကားများကိုသာ အားကိုးပြီးသွားလာ နေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117