Connect with us

Social

လူဦးရေ တစ်သိန်း အထက်ရှိ မြို့များ စနစ်တကျ ဖွံ့ဖြိုး တိုးတက်ရန် စီမံကိန်းများ ရေးဆွဲ ပြီးစီးဟုဆို

ရန်ကုန်မြို့ ညရှုခင်း (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာအရ လူဦးရေ တစ်သိန်းနှင့် အထက်ရှိသော မြို့ကြီးများတွင် မြို့ရွာများ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် စီမံကိန်းများ ရေးဆွဲ ပြီးစီး နေပြီဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သတင်း ထုတ်ပြန်သည်။

စနစ်တကျ ဖွံ့ဖြိုး တိုးတက်မှု ရှိစေရန် လုပ်ဆောင်ချက် များတွင် မြန်မာနိုင်ငံအတွင်း လူဦးရေ တိုးတက် လာသည်နှင့် အမျှ အဓိက လိုအပ်ချက်သည် အိမ်ရာ ဖြစ်ကြောင်း၊ ယင်းအတွက် အိမ်ရာ စီမံကိန်းများကို ပိုမို လုပ်ဆောင် ပေးနိုင်ရန် နိုင်ငံတော် အစိုးရမှ ပံ့ပိုးကူညီ ဖော်ဆောင်ပေးရန် လုပ်ဆောင်လျှက် ရှိကြောင်း သိရသည်။

မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူက “မြို့ရွာများ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေဖို့ ကျွန်တော်တို့ Township Development Plan များ ရေးဆွဲပြီး ဆောင်ရွက် နေပါတယ်’’ ဟု ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ် အတွင်း ရန်ကုန်၊ ပုသိမ်နှင့် မော်လမြိုင်မြို့တို့၌ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာ စီမံကိန်း ၁ဝ ခု တည်ဆောက်မည် ဖြစ်ပြီး အခန်းပေါင်း၂ဝ,ဝဝဝ နီးပါးခန့် ပါဝင်မည် ဖြစ်သည်။ ယင်းစီမံကိန်းတွင် အဆောက်အအုံ ၂၈၄ လုံး အခန်းပေါင်း ၁၈,၃၆ဝ ခန်း ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မှ သတင်း ထုတ်ပြန်သည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ နိုင်ငံတော် အစိုးရ ဘတ်ဂျက်ဖြင့် အငှား အိမ်ရာ စီမံကိန်းများ ကို ဖော်ဆောင်နေပြီး နိုင်ငံတော် အစိုးရမှ ဘတ်ဂျက်များ ချထားပေးရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနအား လှည့်ပတ် ရန်ပုံငွေများကို ချထားပေးခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ စီမံကိန်း နှင့်စီးပွားရေး ဝန်ကြီး ဦးသန်းမြင့်က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.