Connect with us

Social

မြန်မာလူထု၏ တရားမျှတမှုအား ရပ်ရွာအခြေပြု ချဉ်းကပ်နည်းဖြင့် ပိုမိုခိုင်မာ ရန် ဥရောပ သမဂ္ဂ နှင့် ဗြိတိသျှ ကောင်စီ တို့မှ My Justice အစီအစဉ်အား စတင်

ဥရောပ သမဂ္ဂ နှင့် ဗြိတိသျှ ကောင်စီ တို့၏ လိုဂို အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံတစ်လွှား ရှိဆင်းရဲသူများ၊ အန္တရာယ်ကျရောက်လွယ်သည့် အုပ်စုများ နှင့် အသိအမှတ်ပြုခြင်း မခံရ သည့် လူနည်းစု များ၏ တရားမျှတမှု လက်လှမ်းမီရေး ကို မြှင့်တင်မည့် အစီအစဉ်သစ် တစ်ရပ်ဖြစ်သည့် MyJustice အစီအစဉ်အား စတင်အကောင်အထည်ဖော်ကြောင်းကို ဥရောပသမဂ္ဂ နှင့် ဗြိတိသျှကောင်စီ တို့မှ ယနေ့ ကြေညာလိုက်သည်။ ၂၀၁၅ မှ၂၀၁၉ ထိလေး နှစ်တာ ဆောင်ရွက်သွားမည့် ယခုစီမံကိန်းကို ဥရောပသမဂ္ဂ မှ ယူရို ၂၀ သန်း (မြန်မာကျပ်၃၀ ဘီလီယံ) ထောက်ပံ့ပေးပြီး ဗြိတိသျှ ကောင်စီမှ စီမံခန့်ခွဲမှု ကိုတာဝန်ယူသွားမည်ဖြစ်သည်။

ယခု စီမံကိန်းသည် စေ့စပ်ညှိနှိုင်းဖြေရှင်းမှု နှင့် ဥပဒေရေးရာ အထောက်အပံ့ စသည့်ချဉ်းကပ်မှု နည်းလမ်းသစ် များကို ရပ်ရွာ လူထုများ၊ ဥပဒေ ရေးရာနယ်ပယ်မှပုဂ္ဂိုလ်များ နှင့် တရားမျှတမှုဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ကောင်းစွာ အသုံးပြုတတ်စေရန် ၎င်းတို့၏ တရားမျှတမှုဆိုင်ရာ ပြဿနာများအား ဒေသခံများ ကိုယ်တိုင်ဦးဆောင် ဖြေရှင်းသည့် နည်းလမ်းများကို စတင်ပြုစုပျိုးထောင်ပေးသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်ရုံး မှ Head of Cooperation ဖြစ်သူ Ms Isabel Faria de Almeida မှ တရားဥပဒေစိုးမိုးရေးသည် ဥရောပသမဂ္ဂ၏ ဦးစားပေးကဏ္ဍဖြစ်ပြီး တရားဥပဒေစိုးမိုးမှုမရှိပါက စစ်မှန်သည့် ဒီမိုကရေစီစနစ်မရှိနိုင်သောကြောင့် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲရေးများအတွက်လည်း အထူး ပင်အရေးပါကြောင်း၊ မြန်မာနိုင်ငံတွင် မှန်ကန်သည့် တရားဥပဒေ စိုးမိုးရေးကို လူအများ သိရှိစေရန် ဆောင်ကျဉ်းပေးပြီး ပြည်သူလူထု အတွက် လက်တွေ့ အကျိုးများ ရရှိစေမည့် MyJustice အစီအစဉ်အား ဥရောပသမဂ္ဂမှထောက်ပံ့ကူညီရသည်ကို ဝမ်းမြောက်ပါကြောင်း ပြောကြားပါသည်။

MyJustice အစီအစဉ်သည် ဒေသခံများ ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် တရားမျှတမှုဆိုင်ရာ အဖွဲ့အစည်းများ စသည့်ပါဝင်ဆောင်ရွက်သူများ အချင်းချင်းကြားတွင် အပြန်အလှန် သင်ယူမှု ၊ ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တို့ကိုတွန်းအားပေးစေ ရန်လူထု အခြေပြုချဉ်းကပ် ဆောင်ရွက်ခြင်း နည်းလမ်းဖြင့် ချဉ်းကပ် အကောင်အထည် ဖော်မည်ဖြစ်သည်။ တိုင်းဒေသကြီး နှင့် ပြည်နယ်ပေါင်း ခြောက်ခု တို့ရှိ ဒေသခံများ နှင့်အတူတကွ ညှိနှိုင်းတိုင်ပင်လျက်သင့်တင့်မျှတ သည့် တရားမျှတမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေး သွားမည်ဖြစ်သည်။

ဗြိတိသျှ ကောင်စီ မြန်မာ၏ ညွှန်ကြားရေးမှူး Mr Kevin Mackenzie မှ MyJustice အစီအစဉ်သည် မြန်မာနိုင်ငံ ၏ အဓိကကျသည့် ဦးစားပေး ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ရန်များထဲမှ ကဏ္ဍတစ်ခု၏ အရေးပါသည့် ခြေလှမ်းတစ်ရပ် ၏ မှတ်တိုင်ဖြစ်ကြောင်း၊ တရားဥပဒေအား သာတူညီမျှ အသုံးချခြင်း သည်လူပုဂ္ဂိုလ်များ၊ ရပ်ရွာ လူထုများ နှင့် တရားမျှတရေး ဖော်ဆောင်ပေးသည့် ဌာနအဖွဲ့အစည်းများ အချင်းချင်း ယုံကြည်မှု အပေါ်တွင် မူတည်ကြောင်း ၊ ဗြိတိသျှကောင်စီ၏ ဦးတည်ချက်မှာ ယုံကြည်မှု တည်ဆောက်ရန် ဖြစ်သည် နှင့် အညီ ယခုကဲ့သို့ အရေးပါသည့် ပြုပြင်ပြောင်းလဲရေး ကဏ္ဍတစ်ရပ်တွင် မိမိတို့၏ ကျယ်ပြန့်သည့် လက်တွဲဖော် လူထုအဖွဲ့အစည်းများနှင့် အတူတကွ လုပ်ဆောင်ရသည်ကို နှစ်ထောင်းအားရဖြစ်မိကြောင်း ပြောကြားသွားပါသည်။

ထို့ပြင် ရင်ဆိုင်နေကြ ရသည့်တရားမျှတမှုဆိုင်ရာစိန်ခေါ်မှုများအတွက်သင့်လျှော်သည့်ဖြေရှင်းမှုများ ဖန်တီး ပေးနိုင်စေရန် ယခုအစီအစဉ်မှ ရပ်ရွာဒေသခံများ ဦးဆောင်မှုပြုသည့် ချဉ်းကပ်နည်း အနေဖြင့် ရပ်ရွာအသိုင်းအဝိုင်း ဒေသခံများအား စွမ်းဆောင်ရည်မြှင့်ပေးသွားမည်ဖြစ်သည်။ စီမံကိန်း အနေဖြင့် လက်ရှိလုပ်ထုံးလုပ်နည်းများ နှင့်ဖွ့ဲစည်းတည်ဆောက်ပုံ အခင်းအကျင်းများ (ရပ်ရွာအခြေပြုညှိနှိုင်းရေး၊ ဥပဒေရေးရာ ထောက်ပံ့ဝန်ဆောင်မှုနှင့် ပေါ်လစီစကားဝိုင်းများ) ကိုဆက်လက် တည်ဆောက်လျက် မြန်မာနိုင်ငံတွင်အငြင်းပွါးမှုများကိုဖြေရှင်းပြီး တရားမျှတမှုများ ရရှိလာနိုင်သည်အထိရေရှည်အကျိုးသက် ရောက်မှုများ ဖြစ်လာစေရန် ရည်ရွယ်ပါသည် ဟု ပြောကြား ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.