Connect with us

Social

စစ်ဘေးရှောင်သူများ နေရပ် ပြန်နိုင်ရေး လာမည့် ရွေးကောက်ပွဲ အပြောင်းအလဲအပေါ် မျှော်လင့်ချက်ထား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိ ဂျန်မိုင်ကောင်း KBC Camp ရှိ စစ်ဘေးရှောင် ကလေးငယ်များ အား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

မြစ်ကြီးနား ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်း နေထိုင်သူများအနေဖြင့် နေရပ်သို့ အခြေတကျ ပြန်လည် နေထိုင်ရေးအတွက် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အပြောင်းအလဲအပေါ် မျှော်လင့်ချက်ထားရှိပြီး ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက်တွင် ဆန္ဒမဲပေးခြင်းများ ပြုလုပ်သွားမည်ဟု မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်း KBC Camp မှ တာဝန်ရှိသူ မချမ်းလောမ့်က ပြောသည်။

“အခုတော့ စစ်ဘေးရှောင် စခန်းမှာ ကချင်ပါတီ အဖွဲ့အစည်းတွေက လာပြီး မဲဆွယ်စည်းရုံး ဟောပြောတာတွေတော့ ရှိပါတယ်။ရွေးကောက်ပွဲကြရင်တော့ ဆန္ဒမဲတော့ ပေးကြမှာပါ။ရွေးကောက်ပွဲက အပြောင်းအလဲကိုတော့ မျှော်လင့်ပါတယ်။ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲတော့ မပြောတတ်ပါဘူး။ စခန်းရဲ ့အဓိက မျှော်လင့်ချက်ကတော့ ကိုယ်အိမ် ကိုယ်ပြန်ချင်တယ်၊ ကိုယ်ရွာကို ကိုယ်ပြန်ချင်ကြပါတယ်။”ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို ့ရှိ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ အများဆုံး နေထိုင်သော ဂျန်မိုင်ကောင်း KBC Camp မှ တာဝန်ရှိသူ မချမ်းလောမ့်က ဆင်ဟွာသို့ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို ့ရှိ ဂျန်မိုင်ကောင်း KBC Camp ရှိ စစ်ဘေးရှောင် နေထိုင်သူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထိုပြင် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေမှာ ယခုချိန်ထိ တစ်နှစ်ထက် တစ်နှစ် ပိုများလာပြီး တိုက်ပွဲတွေ ဖြစ်နေပြီး မရပ်သေးသည့်အတွက် များလာခြင်း ဖြစ်ပြီး လျှော့သွားသည် ဆိုသည်မှာ မရှိကြောင်း ဂျန်မိုင်ကောင်း KBC Camp မှ မချမ်းလောမ့်က ပြောသည်။

ဂျန်မိုင်ကောင်း KBC Camp တွင် မြစ်ကြီးနားမြို ့ ဂျန်မိုင်ကောင်း နှစ်ခြင်း ဘုရားကျောင်းဝင်း အတွင်း၌ ရှိပြီး စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁၀၇၂ ဦး ရှိပြီး အိမ်ထောင်စု ၂၀၅ စု ၊ ပညာသင်ကြားနေဆဲ ကလေးငယ် ၄၀၀ ကျော် ရှိသည်။ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ ဆွမ်ပရာဘွမ် ၊ နန့်ဆန် အပါအဝင် အနီးနားရွာတွေကလည်း လာရောက် စစ်ဘေးရှောင် နေထိုင်လာကြသည်မှာ လေးနှစ်ကျော် ကြာမြင့်နေပြီဟု သိရသည်။

ဂျန်မိုင်ကောင်း KBC Camp တွင် နေထိုင်ကြသူများ၏ ကျန်းမာရေး ၊ ပညာရေးတို့အား ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးထားပြီး စားသောက်ရေးအတွက် ဆန် ၊ ဆီ ရိက္ခာများကို World Food Program(WFP) မှ ထောက်ပံ့ ပေးထားကြောင်း ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR) ၊ Kachin Baptist Convention တို့မှ လိုအပ်သည်များကို အထောက်အပံ့ ပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.