Connect with us

Social

အာဇာနည်နေ့ အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပ

၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့်တို့ တက်ရောက် အလေးပြု နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

၆၈ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ၉ ဦး အတွက် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အလေးပြုခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး ၊ အာဇာနည်ဗိမာန် ၊ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ၊ ဗိုလ်ချုပ်အောင် ဆန်းပန်းခြံ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့ တို့တွင် အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက်ဂါရဝပြုသူ ၊လေ့လာသူ ပြည်သူများ ၊ ကျောင်းသားကျောင်းသူများ များပြားလျှက်ရှိသည်။

၆၈ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး တွင် ပြည်သူများ လာရောက် လေ့လာနေကျစဉ်(ဆင်ဟွာ)

ရန်ကုန်၊ အာဇာနည်ဗိမာန်က ၆၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်သည့် သူရဦးရွှေမန်းနှင့် ဦးခင်အောင်မြင့် ၊ ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက် အလေးပြုခဲ့ကြသည်။

၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မန္တလေး တိုင်း ချမ်းအေးသာစံ မြို့နယ် မနော်ယမံ ရပ်ရှိ ပြည်သူ့ဟစ်တိုင် တွင် အခန်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးပြီး နေပြည်တော်၌ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။

၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်တွင် အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

အဆိုပါ (၆၈)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရုံးချုပ်တွင်လည်း ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.