Connect with us

Social

အာဇာနည်နေ့၌ ဝန်ကြီးများရုံး ဖွင့်လှစ်မည်

ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခြင်း ခံခဲ့ရသည့် ဝန်ကြီးများရုံး အဆောက်အအုံ အား မြင်တွေ့ရစဉ် (ဓာတ်ပုံ- Yangon Heritage Trust)

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

၆၈ ကြိမ်မြောက် အာဇာနည်နေ့၌ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ လုပ်ကြံခြင်း ခံခဲ့ရသည့် ဝန်ကြီးများရုံး ကို ပြည်သူများ လေ့လာနိုင်ရန် ဖွင့်လှစ် ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ထံမှ စုံစမ်းသိရရှိသည်။

အတွင်းဝန်ရုံးကို တပ်မတော် အစိုးရ လက်ထက်တွင် အများပြည်သူ လေ့လာခြင်းကို ခွင့်မပြုခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ် လေ့လာ ခွင့်ပေးမည် ဖြစ်ပြီး ဝန်ကြီးများရုံးကို ပြတိုက်အဖြစ် ပြန်လည် ပြုပြင် မွမ်းမံရန် အနော်မာ ကုမ္ပဏီနှင့် ညှိနှိုင်း ထားကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်တွင် လက်ရှိ လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီမှ တာဝန်ရှိသူများသည် အာဇာနည်နေ့၌ ကျဆုံးခဲ့ပြီးသော အာဇာနည် ခေါင်းဆောင်များအား ရည်စူးပြီး ဝန်ကြီးများရုံး ၌ သံဃာတော်များကို ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူများကို လေ့လာခွင့်ပြုခဲ့သည်။

အာဇာနည် ခေါင်းဆောင်များ အတွက် ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ကားဟွန်း တီးခြင်း၊ ကဗျာ ရွတ်ခြင်းများဖြင့် လွမ်းဆွတ် ဂုဏ်ပြုမည် ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117