Connect with us

Social

အထက် မြန်မာပြည် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ ညီလာခံ အား မန္တလေးမြို့တွင် ကျင်းပ

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ ညီလာခံ မြင်ကွင်း (ဆင်ဟွာ)

မန္တလေး ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

အထက် မြန်မာပြည် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ ညီလာခံ အား ဇူလိုင် ၂၅ ရက်နေ့ က မန္တလေး မြို့ရှိ Oriental House တွင် ကျင်းပခဲ့သည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ ဥက္ကဌ ၊ မန္တလေးတိုင်း သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ၊ မန္တလေးမြို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အသင်း ဥက္ကဌ နှင့် အဖွဲ့ဝင်များ ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ် ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း စသည့် မြန်မာ နိုင်ငံ အထက်ပိုင်းမှ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ဝင် ကိုယ်စားလှယ် များမှ ညီလာခံ သို့ တက်ရောက်ခဲ့ကြသည်။

ညီလာခံ တွင် မန္တလေးတိုင်း ဒေသကြီး သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းစိုးမြင့် ၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းအောင် နှင့် မန္တလေးမြို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အသင်း ဥက္ကဌ ဦးကျော်ဝင်း တို့မှ မိန့်ခွန်း ပြောကြားခဲ့ကြသည်။ ညီလာခံ တွင် မြန်မာ နိုင်ငံ အတွင်းရှိ ဘာသာ ပေါင်းစုံ လူမျိုးအသီးသီး တို့မှ ချစ်ကြည်ဆက်ဆံကြရန် ၊ အပြန်အလှန် လေးစားမှု ထားရှိရန် ၊ တစ်ဖက်နှင့် တစ်ဖက် အမုန်းပွားစေသည့် ဆောင်ရွက်မှု များမပြုလုပ်ရန် နှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန် တို့အား ပြောကြား ခဲ့ကြသည်။

ထို့ပြင် မြန်မာ နိုင်ငံ သည် ဘာသာပေါင်းစုံ စုပေါင်းနေထိုင်သည့် နိုင်ငံ ဖြစ်ကြောင်း ၊ လက်ရှိ နိုင်ငံရေး အရ အထိခိုက်လွယ်သည့် ကာလတွင် ညီလာခံ ကျင်းပရခြင်းမှာ လွန်စွာ ထိရောက်မှု ရှိကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)