Connect with us

Sport

အိမ်ရှင် မြန်မာ အပါအဝင် ၁၃ နိုင်ငံ ပါဝင်၍ ဒုတိယ အကြိမ်မြောက် အာရှ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်း ချစ်ကြည်ရေး ပြိုင်ပွဲ ကျင်းပမည်

ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ အားတွေ့ရစဉ် (ဓာတ်ပုံ-အားကစားဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အိမ်ရှင် အဖြစ် ဒုတိယ အကြိမ်မြောက် အာရှ ခြင်းလုံးနှင့် ပိုက်ကျော်ခြင်း ချစ်ကြည်ရေး ပြိုင်ပွဲ 2nd Asian Chinlone Championship & Sepaktakraw Friendly Match အား ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၉ ရက် အထိ မန္တလေးတိုင်း ၊ အမရပူရမြို့၏ ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာနမှ သိရသည်။

ထိုပြိုင်ပွဲအား အာရှ ခြင်းလုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း နှင့် ရိုးရာ ခြင်းလုံး အဖွဲ့ချုပ်တို့ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ရိုးရာ ခြင်းလုံး ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အပါအဝင် ထိုင်း ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား ၊ လာအို ၊ စင်ကာပူ ၊ ကိုရီးယား ၊ ဂျပန် ၊ အိန္ဒိယ ၊ သီရိလင်္ကာ ၊ အီရန် ၊ ပါကစ္စတန် စုစုပေါင်း ၁၃ နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ပြိုင်ပွဲဝင် အမျိုးအစား Event ၁ ၊ ၂ ၊ ၃ ၊ ၄ မျိုး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အပါအဝင် ကိုရီးယား ၊ လာအို ၊ ကမ္ဘောဒီးယား ၊ မလေးရှား စုစုပေါင်း ၅ နိုင်ငံ ပါဝင်ပြီး ၃ ယောက်တွဲ Regu အမျိုးအစားကို ချစ်ကြည်ရေး ပြိုင်ပွဲအဖြစ် ဝင်ရောက် ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.