Connect with us

Sport

လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကို ဇွန်လ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်

မြန်မာ့လက်ရွေးစင်အသင်းနှင့် ဟောင်ကောင်အသင်းတို့ ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင် ကစားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကို ဇွန်လ ၃ ရက်မှ ၅ ရက် အထိ ရန်ကုန်မြို့ သုဝဏ္ဏ ကွင်း၌ ကျင်းပမည် ဖြစ်ရာ အိမ်ရှင် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်း အပါအဝင် စင်ကာပူ၊ ဗီယက်နမ်နှင့် ဟောင်ကောင် လက်ရွေးစင် ဘောလုံး အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်သည်။

အဆိုပါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကို စင်ကာပူ ကုမ္ပဏီ တစ်ခုနှင့် မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး စင်ကာပူ နိုင်ငံ၌ ကျင်းပမည့် Marlion ဖလားပြိုင်ပွဲ ပျက်သွားသည့်အတွက် စင်ကာပူ ကုမ္ပဏီက မြန်မာနိုင်ငံ၌ လေးနိုင်ငံ ပြိုင်ပွဲ တစ်ရပ် ကျင်းပရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ဆီမီးဖိုင်နယ် အဆင့်မှ စတင် ကျင်းပမည် ဖြစ်ပြီး အနိုင်ရရှိမည့် နှစ်သင်းမှာ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမည် ဖြစ်ကာ ရှုံးနိမ့်သည့် နှစ်သင်းမှာ တတိယ နေရာလုပွဲ ကစားရမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲ ကျင်းပမည့် ရက်မှာ အာရှဖလား ခြေစစ်ပွဲ အခြေအနေကို ကြည့်ပြီး အပြောင်းအလဲ ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ အဆိုပါ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် စင်ကာပူ အသင်းမှ တရားဝင် အကြောင်း ပြန်ထားပြီး ကျန်အသင်းများမှလည်း နှုတ်အားဖြင့် သဘော တူညီထားပြီး ဖြစ်ကြောင်း၊ ချီးမြှင့်မည့် ဆုကြေးနှင့် ပွဲစဉ် ဇယားကို ပြိုင်ပွဲ ကျင်းပမည့်ရက် နီးချိန်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.