Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေ ၂ဆု နှင့် ငွေ၂ဆု ရရှိထား - Xinhua News Agency
Connect with us

Sport

ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေ ၂ဆု နှင့် ငွေ၂ဆု ရရှိထား

ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံအလိုက် ဆုရရှိမှု ထုတ်ပြန်သောဇယားအားတွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၂၁ရက်နေ့လည်အထိ ရလဒ်များအရ မြန်မာနိုင်ငံသည် ရွှေ ၂ဆု၊ ငွေ၂ဆုနှင့် ကြေးတစ်ဆု ရရှိပြီးဖြစ်ကြောင်း ဆီးဂိမ်းပြိုင်ပွဲက ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ခြင်းလုံးအားကစား၌ ရွှေတံဆိပ်ဆု၊ အမျိုးသမီးဝူရှူးပြိုင်ပွဲ ငွေတံဆိပ်ဆုနှင့် ချန်းစု လှံရှည်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုတို့ရရှိထားသည်။လက်ရှိတွင် မလေးရှားနိုင်ငံက ရွှေဆု ၂၀ ဆု၊ ငွေဆု ၁၆ ဆု၊ ကြေး ၁၁ဆု၊စကာၤပူနိုင်ငံ သည် ရွှေဆု ၉ဆု၊ ငွေဆု ၁၀ဆု၊ ကြေးဆု ၇ဆု၊ အင်ဒိုနီးရှားနိုင်ငံ သည် ရွှေ ၄ဆု၊ ငွေ ၇ဆု ၊ ကြေး ၁၂ ဆု၊ ထိုင်းနိုင်ငံက ရွှေ ၅ဆု၊ ငွေ ၅ ဆု၊ ကြေး ၆ဆု၊ ဗီယက်နမ်နိုင်ငံ ကငွေ ၂ဆု၊ ကြေး ၁ဆု၊ ဖိလစ်ပိုင်နိုင်ငံ က ငွေ ၁ဆု၊ ကြေး ၂ ဆု၊ ကြေးဆု၄ဆု၊ လာအိုနိုင်ငံက ငွေဆု ၁ ဆု၊ ကြေးဆု ၁ ဆု၊ ဘရူနိုင်းနိုင်ငံက ကြေး ၄ဆုနှင့် ကမ္ဘောဒီးယား နိုင်ငံသည် ကြေး၃ ဆု အသီးသီး ရရှိထားကြောင်း သိရသည်။ (Xinhua)