Connect with us

Sport

အမျိုးသားဘောလုံးပွဲစဉ်များအုပ်စု A ၌ မလေးရှားအသင်း နှင့် မြန်မာအသင်းတို့ အကြိုဗိုလ်လုပွဲသို့ တက်ရောက်

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

နှစ်ဆယ့်ကိုးကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတွင် ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ကျင်းပသော အမျိုးသားဘောလုံးအုပ်စု A ပွဲစဉ်များ၌ အိမ်ရှင်မလေးရှားယူ-၂၂ အသင်းက မြန်မာယူ-၂၂ အသင်းကို သုံးဂိုး တစ်ဂိုးဖြင့်အနိုင်ရကာအကြိုဗိုလ်လုပွဲသို့နှစ်သင်းလုံးတက်ရောက်သွားပြီဖြစ်ကြောင်းသိရသည်။

မြန်မာအသင်း ကအုပ်စု A ၌လေးပွဲကစား၊သုံးပွဲနိုင် ၉ မှတ်ဖြင့်လည်းကောင်းမလေးရှားအသင်းက သုံးပွဲကစားသုံးပွဲနိုင်ကိုးမှတ်လည်းကောင်းရရှိထားကာ လာအိုအသင်းနှင့်တစ်ပွဲကစားရန်ကျန်နေ၍အုပ်စုဗိုလ်ဖြစ်ရန်ပို၍အလားအလာကောင်းနေသည်။

မြန်မာအသင်းအနေဖြင့်အပြန်အလှန်ကစားနိုင်သော်လည်းနောက်တန်းအနည်းငယ်လစ်ဟာမှုများမှဂိုးများပေးခဲ့ရခြင်းဖြစ်သည်။မြန်မာဂိုးသမား ဆန်းဆက်နိုင် က အပိုင်ဘောများကိုအကောင်းဆုံးကာကွယ်သွားနိုင်သည်။မလေးရှားအသင်းက၃၃ မိနစ်၊၃၅ မိနစ်၊၈၂ မိနစ်တို့တွင်သွင်းယူခဲ့ကာမြန်မာအသင်းအတွက်ချေပဂိုးကို တိုက်စစ်မှူး သန်းပိုင်က ၈၆ မိနစ်တွင်သွင်းယူခဲ့သည်။

တစ်ဖက်အုပ်စုတွင်ဗီယက်နမ်က ၉ မှတ်နှင့် ထိုင်းနှင့်အင်ဒိုနီးရှားတို့ က ၇ မှတ်စီ ဂိုးအသာတူဖြင့်ထိပ်ဆုံးမှရပ်တည်နေကြသည်။ ဗီယက်နမ်အသင်းသည် ထိုင်း၊အင်ဒိုနီးရှားတို့နှင့် နှစ်ပွဲကျန်သေးသကဲ့သို့ ထိုင်းနှင့်အင်ဒိုနီးရှား တို့မှာလည်းအကြိုဗိုလ်လုပွဲတက်ရန်ကျန်နှစ်ပွဲကလုံးဝအမှားမခံသောအခြေအနေတွင် ရှိနေသည်။ထို့ကြောင့် အုပ်စု B တွင်ထိုသုံးသင်းမှမည်သည့်နှစ်သင်းအကြိုဗိုလ်လုပွဲတက်မည်ကို အတိအကျမခန့်မှန်းနိုင်သေးပေ။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးဇော်ဇော် သည် မြန်မာ့လက်ရွေးစင် ယူ-၂၂ ဘောလုံးအသင်းအား တွေ့ဆုံခဲ့စည် ယခု ၂၀၁၇ မလေးရှားဆီးဂိမ်းတွင် ရွှေဆံဆိပ်ရယူကာ မြန်မာပရိသတ်များအပေါ် ပျော်ရွှင်မှု ပေးသင့်သည်ဟု အမှာစကားပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.