Connect with us

Sport

နည်းပြချုပ် ဂတ်ဆီဇီ ကို ၂ နှစ် စာချုပ် သက်တမ်းတိုး

မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ်အား သက်တမ်းတိုး စာချုပ် ချုပ်ဆိုစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် အဖြစ် ယခုလတွင် စာချုပ်သက်တမ်း ကုန်ဆုံးသွားသည့် ဂျာမနီ နိုင်ငံသား နည်းပြ မစ္စတာ ဂတ်ဆီဇီ ကို ယနေ့ ဒီဇင်ဘာ ၂၂ ရက်တွင် ၁ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုလိုက်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ ထုတ်ပြန်သည်။

နည်းပြချုပ် ဂတ်ဆီဇီသည် မြန်မာ ယူ၂၀ အသင်းအား ၂၀၁၅ ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ပို့ဆောင် ပေးခဲ့ပြီး လက်ရွေးစင် အသင်းကြီးအား ၂၀၁၆ ဆူဇူကီးဖလား ဆီမီးဖိုင်နယ် သို့ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သည့်အပြင် ဘရူနိုင်း ဖိတ်ခေါ်ဖလား ချန်ပီယံဆုလည်း ရယူပေးခဲ့ပြီး မြန်မာလူငယ် အသင်းများနှင့် အောင်မြင်မှု ရရှိခဲ့သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

နှစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုရာတွင် MFF ကိုယ်စား စီအီးအို ဦးဖုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့မှ နည်းပြချုပ် ဂတ်ဆီဇီ နှင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.