Connect with us

Sport

မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း နှင့် ထိုင်း ပရီးမီးယားလိဂ် ကလပ် ဘူရီရမ် အသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမည်

မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း နှင့် ထိုင်း ပရီးမီးယားလိဂ် ကလပ် ဘူရီရမ် အသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲသတင်းစာရှင်းလင်းပွဲအားတွေ့ရစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ထိုင်း ပရီးမီးယားလိဂ် ကလပ် ဘူရီရမ် ယူနိုက်တက် အသင်းသည် မြန်မာ နေရှင်နယ် လိဂ် ညွန့်ပေါင်း အသင်း (MNL All Stars)နှင့် လာမည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့၊ သုဝဏ္ဏ အားကစား ကွင်းတွင် ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး အသင်း နှင့် ဘူရီရမ် အသင်းတို့ စီစဉ်သည့် အဆိုပါ ခြေစမ်းပွဲတွင် ရရှိသော ကွင်းဝင်ကြေးများ အားလုံးကို လူမှုရေး လုပ်ငန်းများ အတွက် လှူဒါန်းသွား မည် ဖြစ်ကြောင်း ဘန်ကောက်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ဆိုသည်။ ဘူရီရမ် အသင်း ခြေစမ်းပွဲ ခရီးစဉ် ညှိနှိုင်း အစည်းအဝေးသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်တို့ တက်ရောက် ခဲ့ကြသည်။

” ကျွန်တော်တို့ မြန်မာ နေရှင်နယ်လိဂ် MNL All Stars အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ဆက်သွယ် ညှိနှိုင်းတဲ့ အပေါ်မှာ ကျွန်တော်တို့ ဘက်ကလည်း သဘောတူ လက်ခံပါတယ်။ ရရှိတဲ့ ကွင်းဝင်ကြေးတွေကို လူမှုရေး လုပ်ငန်းတွေ အတွက် လှူဒါန်း သွားမှာပါ။ ဘူရီရမ် ကလပ်အသင်းနဲ့ ကျွန်တော် တို့ဆီက MNL ကလပ်တွေ အချင်းချင်း ဆက်သွယ်ပြီး ဘောလုံး ဖွံ့ဖြိုးရေး ကဏ္ဍတွေ ပူးပေါင်းလုပ်ဖို့၊ မြန်မာ့ လက်ရွေးစင် အသင်းတွေ ခြေစမ်း လေ့ကျင့် ခရီးတွေ သွားရောက်တဲ့ အခါမှာ ဘူရီရမ် ကလပ်အသင်း ဘက်က ကူညီဖို့ စသဖြင့်သူတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။” ဟု ဦးကိုကိုသိန်းက ပြောသည်။

ဘူရီရမ် အသင်းသည် ၁၉၇၀ ခုနှစ်က တည်ထောင်ခဲ့ပြီး ထိုင်းလိဂ် (၅)ကြိမ် ချန်ပီယံဆု ရရှိထားသည်။ ထို့အပြင် အာရှ ချန်ပီယံလိဂ် ဝင်ရောက် ယှဉ်ပြိုင်နေသည့် အသင်းလည်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ ထိပ်တန်း စာရင်းဝင် အသင်းကောင်း တစ်သင်းဖြစ်သည်။ အသင်းတွင် ထိုင်းလက်ရွေးစင် များနှင့် တောင် အမေရိက၊ ဥရောပ ကစားသမားများ ပါဝင် ကစားလျက် ရှိသည်။

ဘူရီရမ် အသင်းအနေဖြင့် မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား တို့နှင့် Asean Tour အဖြစ် ရံပုံငွေ ခြေစမ်းပွဲများ ကစားရန် စီစဉ်ထားရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့၊ ဘူရီရမ်ကွင်းတွင် မလေးရှား ကလပ် ဂျိုဟိုး၊ ဇန်နဝါရီ ၁၈ ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် MNL All Stars ၊ ဇန်နဝါရီ ၂၂ ရက်နေ့ ဘူရီရမ် ကွင်းတွင် ကမ္ဘောဒီးယား Army Football Club တို့နှင့် ယှဉ်ပြိုင်ကစားကြ မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.