Connect with us

Sport

နိုင်ငံ ၈ နိုင်ငံ ပါဝင်သော မြန်မာ့ ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံ လုပွဲတွင် အမျိုးသမီး အထူး စိန်ခေါ်ပွဲ ပါဝင် ယှဉ်ပြိုင်မည်

မြန်မာ့ ရိုးရာ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ လုပွဲနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

နိုင်ငံ ၈ နိုင်ငံ ပါဝင်သော မြန်မာ့ ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံ လုပွဲတွင် အမျိုးသမီး အထူး စိန်ခေါ်ပွဲ အဖြစ် ဘရောနီကာ(မြန်မာ) နှင့် မော်နီကာဘာနီး(စ်)မီနာ(ကော်စတာရီကာ) တို့ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီပွဲ အတွက် အစွမ်းကုန် လေ့ကျင့်ထားပါတယ်။ယုံကြည်မှု အပြည့်ရှိပါတယ်။သူလဲ အကောင်းဆုံး အားကစားသမား တစ်ယောက် ဆိုတော့ အစွမ်းကုန် ကြိုးစားသွားမှာပါ။”ဟု မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မည့် ကယန်း တိုင်းရင်းသူ ဘရောနီကာ က ဆင်ဟွာသို့ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည့် အဆိုပါ ဒုတိယအကြိမ်မြောက် မြန်မာ့ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲကြီး အား သြဂုတ် ၂ဝ ရက် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ(၁)၌ ကျင်းပမည် ဖြစ်ပြီး ပြည်ပနိုင်ငံများ အဖြစ် ထိုင်း၊ နယူး ဇီလန်၊ ဘရာဇီး၊ ပြင်သစ်၊ အီရန်၊ အမေရိကန်၊ ကော်စတာရီကာနှင့် အိမ်ရှင် မြန်မာနိုင်ငံတို့မှ ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ် ကြမည် ဖြစ်ကြောင်း သိရသည်။ယခုပွဲတွင် ထူးခြားချက် အနေဖြင့် တံတောင်ကို အထိရောက်ဆုံး အသုံးချပြီး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်သူအား ရွှေတံတောင်ဆု ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။ယခု ပြိုင်ပွဲတွင် အနိုင်အရှုံးများကို ခန့်မှန်းရန် ခက်ခဲကြောင်း ၊ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်ပ ကစားသမားများ ထဲတွင် ကမ္ဘာ့ချန်ပီယံဟောင်းများ ၊ လက်ရှိ ဝိတ်တန်းအလိုက် ချန်ပီယံများလည်း ပါဝင်ကြောင်း မြန်မာ မီဒီယာ ဂရု အမှုဆောင် အရာရှိချုပ် ဦးလင်းထက်အောင်က ယနေ့သြဂုတ် ၁၅ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမျိုးသမီး အထူး စိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မည့် ကယန်း တိုင်းရင်းသူ ဘရောနီကာအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ချီးမြှင့်မည့် ဆုတံဆိပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် တွဲဆိုင်း ရှစ်ဆိုင်း ပါဝင် ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်ပြီး ဒေါင်းဖြူလေး (Adventure) နှင့် စိုးဝင်းသန်း (ရန်စစ်ငြိမ်း)၊ ရဲသွေးနီ (မြန်မာ)နှင့် ဂွန်ထယ်(ထိုင်း)၊ ထွန်းလွင်မိုး (မြန်မာ) နှင့် အယ်လက်ဇီဆာရီပီစို့(စ်) (နယူးဇီလန်)၊ သားအသည်းတစ်ပွင့် (မြန်မာ)နှင့် ဗစ်တာဟူဂိုနူး(စ်) (ဘရာဇီး) ၊ ဖျံသွေး (မြန်မာ)နှင့် ဆီဘတ်(စ်) တီယန်ဘီးလာ့ (ဒ်)(ပြင်သစ်)၊ စောဂေါ်မူဒို(မြန်မာ)နှင့် နျူကလီးယား ဟာဒီ(အီရန်)၊ ဒေ့(ဗ်)လက်ဒပ်(မြန်မာ)နှင့် ဆိုင်းရပ်(စ်) (အမေရိကန်)တို့ ပါဝင် ကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)