Connect with us

Sport

မြန်မာ ယူ-၂၂ ဘောလုံး အသင်း လာအိုအသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိ


ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ ဘောလုံး အသင်းသည် လာအို ယူ-၂၂ ဘောလုံးအသင်းအား သုံးဂိုးတစ်ဂိုးရလဒ်ဖြင့် အနိုင်ရှိခဲ့သည်။

မြန်မာအသင်းသည် ပထမပိုင်း ယှဉ်ပြိုင်ကစားချိန်တွင် ၃၆ မိနစ်၌ အောင်သူ၏ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒုတိယပိုင်း ၆၀ မိနစ်၌ လာအိုအသင်းက ချေပဂိုးတစ်ဂိုးပြန်လည်သွင်းယူခဲ့သည်။ မြန်မာအသင်းသည် အချိန်ပိုကန်ချိန်တွင် လာအိုအသင်းကို နှစ်ဂိုးထပ်မံသွင်းယူပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။မြန်မာ ယူ-၂၂ ဘောလုံး အသင်းသည် သြဂုတ် ၁၄ ရက်တွင် ဘောလုံး အုပ်စု အဖွင့် ပွဲစဉ် အဖြစ် စင်ကာပူအသင်းဖြင့် ယှဉ်ပြိုင် ကစားခဲ့ရာ နှစ်ဂိုး-ဂိုးမရှိ ရလဒ်ဖြင့် မြန်မာ အသင်းက အနိုင်ရရှိခဲ့သည်။

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းနှင့် လာအိုအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-MFF)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းနှင့် လာအိုအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-MFF)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်းနှင့် လာအိုအသင်း ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-MFF)

လက်ရှိ မြန်မာအသင်းသည် စင်ကာပူနှင့် လာအိုအသင်းတို့ကို အနိုင်ရရှိထားသဖြင့် ၆မှတ်ရရှိထားပြီဖြစ်သည်။အုပ်စုအေ အခြားပွဲစဉ်၌ မလေးရှား ယူ၂၂ အသင်းက စင်ကာပူ ယူ၂၂ အသင်းကို နှစ်ဂိုးတစ်ဂိုး ဖြင့်အနိုင်ရသွားခဲ့ရာ စင်ကာပူ အသင်းနှစ်ပွဲရှုံးဖြင့် အကြိုဗိုလ်လုပွဲတက်ရန်အခွင့်အရေးနည်းသွားပြီဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်း အုပ်စု(က)ပွဲစဉ်များအဖြစ့်သြဂုတ် ၁၄ ရက်တွင် စင်ကာပူ အသင်း နှင့် ကစားခဲ့ပြီးနောက် ယနေ့ သြဂုတ် ၁၆ ရက်တွင် လာအို အသင်း နှင့် လည်းကောင်း ၊ သြဂုတ် ၁၈ ရက်တွင် ဘရူနိုင်း အသင်း နှင့် လည်းကောင်း ၊ သြဂုတ် ၂၁ ရက်တွင် အိမ်ရှင် မလေးရှား နှင့် လည်းကောင်း ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.