Connect with us

Sport

၂၉ ကြိမ်မြောက် SEA Games အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ထိုင်းအသင်းအား ၃-၂ ဂိုး ဖြင့်ရှုံးနိမ့်

မြန်မာအမျိုးသမီးအသင်းယှဉ်ပြိုင် ကစားနေစဉ် (ဓာတ်ပုံ-- MFF)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ုပွဲဦးထွက်အဖြစ် သြဂုတ် ၁၅ ရက်(ယနေ့) မွန်းလွဲ ၂း၃၀(မြန်မာစံတော်ချိန်)တွင် ထိုင်းအသင်းနှင့် စတင်ကစားခဲ့ရာ မြန်မာ အသင်း အနေဖြင့် ထိုင်းအသင်းအား ၃ဂိုး၂ဂိုး ဖြင့်ရှုံးနိမ့်ခဲ့သည်။

ဆီးဂိမ်းအမျိုးသမီးဘောလုံးပွဲတွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင် စသည့် အသင်းငါးသင်းသာ ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် အုပ်စုခွဲခြင်းမရှိဘဲ အဆိုပါအသင်းငါးသင်းသာ ပတ်လည်စနစ်ဖြင့် ကစားကာ အမှတ်အများဆုံးရသည့်အသင်းက ချန်ပီယံဖြစ်မည်ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီးအသင်းသည် ထိုင်းအသင်းနှင့် ကစားပြီးပါကသြဂုတ် ၁၇ ရက်တွင် အိမ်ရှင်မလေးရှားအသင်း၊ သြဂုတ် ၂၀ ရက်တွင် ဗီယက်နမ်အသင်း၊ သြဂုတ် ၂၂ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက်ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာအမျိုးသမီးအသင်း ကစားမည့် ဆီးဂိမ်းပွဲစဉ်များ မှာ သြဂုတ်လ ၁၇ ရက်နေ့တွင် မြန်မာ – မလေးရှား (ည ရး၁၅)နာရီ ၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ဗီယက်နမ် – မြန်မာ (မွန်းလွဲ ၂း၃၀)နာရီ၊

သြဂုတ်လ ၂၂ ရက်နေ့ တွင် မြန်မာ – ဖိလစ်ပိုင် (မွန်းလွဲ ၂း၃၀) နာရီတို့ တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.