Connect with us

Sport

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာ ဆီမီးဖိုင်နယ်တက်ရောက်

သက်ထားသူဇာ အားတွေ့ရစဉ် (ဓာတ်ပုံ-- သက်ထားသူဇာ facebook)

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) 

အိန္ဒိယနိုင်ငံတွင် ကျင်းပလျက်ရှိသည့် INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ် ၌ မြန်မာ့ကြက်တောင်အားကစားမယ်သက်ထားသူဇာက ထိုင်းနိုင်ငံမှ ကြက်တောင် အားကစားမယ် Nuntakarn AIMSAARD  ကို နှစ်ပွဲတစ်ပွဲဖြင့်နိုင်က ဆီမီးဖိုင်နယ်တက်သွားခဲ့ကြောင်း သိရသည်။

ကွာတားဖိုင်နယ်ပွဲစဉ် ၏ Game1 တွင် ၁၁ -၂၁၊ Game 2 တွင် ၂၁-၁၈ ၊ Game 3 တွင် ၂၁-၁၇ ဖြင့် နှစ်ပွဲတစ်ပွဲဖြင့်နိုင်ခဲ့ခြင်းဖြစ်သည်။ 

သက်ထားသူဇာရရှိသည့် အမှတ်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ– INFOSYS FOUNDATION – INDIA INTERNATIONAL CHALLENGE)

သက်ထားသူဇာ သည်ဆီမီးဖိုင်နယ် ပွဲစဉ်အား ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီးပြိုင်ပွဲ Video များအားပွဲအပြီးတွင် သက်ထားသူဇာ ၏ Youtube Channel တွင်တင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)