Connect with us

Sport

မြန်မာ ယူ-၂၂ ဘောလုံးအသင်း ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် အပြီးသတ် လူရွေးချယ်

မြန်မာ့လက်ရွေးစင်အသင်းလေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) 

၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ ဘောလုံးအသင်းသည် အပြီးသတ်လူစာရင်း ရွေးချယ်လိုက်ပြီဖြစ်ကြောင်း၊ မြန်မာ ယူ-၂၂ အသင်း၏ အပြီးသတ်လူစာရင်းကို နိုဝင်ဘာ ၂၂ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပြီး အသက် ၂၂ နှစ်အထက် ကစားသမားနှစ်ဦးအပါအဝင် ကစားသမား ၂၀ဦးရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဆီးဂိမ်းပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၂ အသင်းတွင် အုပ်ချုပ်သူ-ဦးမင်းလှိုင်၊ နည်းပြချုပ်-ပိုပေါ့ဗ်၊ လက်ထောက် နည်းပြ-ဦးချစ်နိုင်၊ ဦးဇော်ဝင်းထွန်း၊ ကြံ့ခိုင်ရေးနည်းပြ- ဝယ်လ်လင်တန်၊ ဂိုးနည်းပြ-ဦးအောင်ကျော်ကျော်၊ ကစား သမားများအဖြစ် ဂိုး-ဆန်းဆက်နိုင် (ရန်ကုန်)၊ စိုးအာကာ (မကွေး)၊ နောက်တန်း-ရဲမင်းသူ (ရှမ်းယူနိုက်တက်)၊ အောင်ဝဏ္ဏစိုး(ဇွဲကပင်)၊ ရဲရင့်အောင် (ရတနာပုံ)၊ သူရိန်စိုး (ရန်ကုန်)၊ ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော် (ဧရာဝတီ)၊ အလယ်တန်း-နေမိုးနိုင်၊ စိုးလွင်လွင်၊ ဇင်မင်းထွန်း(မကွေး)၊ လွင်မိုးအောင် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း၊ လှိုင်းဘိုဘို၊ စည်သူ အောင် (ရတနာပုံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ ရှေ့တန်း-ထက်ဖြိုးဝေ (ရှမ်း ယူနိုက်တက်)၊ အောင်ကောင်းမာန်(ဧရာဝတီ) နှင့် ဝင်းနိုင်ထွန်း (ရတနာပုံ)တို့ ပါဝင်ကြသည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် ယနေ့ နိုဝင်ဘာ ၂၃ ရက် တွင် ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ပဏာမကစားသမား ၂၂ ဦးမှ နှစ်ဦးလျှော့ချကာ အပြီးသတ်ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲအဖြစ် သတ်မှတ်ထား သော်လည်း ပြိုင်ပွဲစည်းမျဉ်းအရ အသက် ၂၂ နှစ်အထက် ကစားသမားနှစ်ဦး အဖြစ် စည်သူအောင်နှင့် လှိုင်းဘိုဘိုတို့ကို ရွေးချယ်ထားသည်။ မူလက တိုက်စစ်မှူး အောင်သူကို ရွေးချယ်ထားသော်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် စည်သူအောင်နှင့် အစားထိုးခဲ့ရခြင်းဖြစ်သည်။ အပြီးသတ်ရွေးချယ်ရာတွင် ဂိုးသမားဇင်ညီညီအောင်နှင့် တောင်ပံကစားသမား ဟိန်းထက်အောင်တို့ ချန်လှပ်ခံခဲ့ရပြီး အသင်းအုပ်ချုပ်သူများ အစည်းအဝေး မတိုင်မီအထိ ပြောင်းလဲနိုင်သောကြောင့် အရန်အဖြစ် ထားရှိသွားမည်ဖြစ်ပြီး ဂိုးသမား ဇင်ညီညီအောင်ကို ဖိလစ်ပိုင်နိုင်ငံအထိ ခေါ်ဆောင်သွားမည်ဖြစ်သည်။

မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘော ဒီးယား၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာ အသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၂၅ ရက်တွင် မလေးရှားအသင်းနှင့် စတင်ကစားရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.