Connect with us

Europe

ပူတင်-ထရမ့် တွေ့ဆုံပွဲအတွက် အလျင်အမြန်ပြင်ဆင်ရန် မလိုအပ်ကြောင်း ကရင်မလင် ထုတ်ပြန်

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အန်ကာရေ့ဂျ်မြို့၌ ဆွေးနွေးပွဲပြီးဆုံးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ရုရှားသမ္မတ ဗလာတီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ယာ) တို့ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား တွေ့ဆုံပွဲတစ်ခုကို အလျင်အမြန်စီစဉ်ရန် မလိုအပ်ကြောင်း ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က နိုဝင်ဘာ ၂ ရက်၌ ထုတ်ပြန်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့သော တွေ့ဆုံပွဲတစ်ခုကို အလျင်အမြန်ပြင်ဆင်ခြင်းသည် ဖြစ်နိုင်သော်လည်း မလိုအပ်ကြောင်း ပက်စကော့ဗ်က ပြောကြားခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။
“ဒီအချိန်မှာ လိုအပ်တာက (ယူကရိန်း) အခြေချမှုပြဿနာရဲ့ အသေးစိတ်အချက်အလက်တွေကို အလွန်ဂရုတစိုက်လုပ်ဆောင်ဖို့ပါ” ဟု ပက်စကော့ဗ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ပူတင်နှင့် အောက်တိုဘာ ၁၆ ရက်က ဖုန်းဖြင့်ဆွေးနွေးမှုတစ်ခုအပြီးတွင် ခေါင်းဆောင်နှစ်ဦးသည် ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်စ်တွင် မကြာမီတွေ့ဆုံမည်ဟု ထရမ့်က ပြောကြားခဲ့သည်။ သို့သော်လည်း စီစဉ်ထားသော တွေ့ဆုံပွဲကို အောက်တိုဘာ ၂၂ ရက်၌ ထရမ့်က ဖျက်သိမ်းလိုက်ပြီး ယင်းတွေ့ဆုံပွဲမှာ “၎င်းအတွက် သင့်လျော်မှန်ကန်သည်ဟု မခံစားရကြောင်း” နှင့် “၎င်းတို့ မျှော်မှန်းထားသည့် ရလဒ်များ ရရှိနိုင်မည်ဟု မခံစားရကြောင်း” ပြောကြားခဲ့သည်။

ယင်းမတိုင်ခင်ကမူ ပူတင်က ဘူဒါပက်စ်တွင် ကျင်းပမည့် တွေ့ဆုံပွဲကို ဖျက်သိမ်းခြင်းထက် ရွှေ့ဆိုင်းရန် ဖြစ်နိုင်ခြေပိုများကြောင်း ပြောကြားခဲ့ပြီး ထိပ်သီးအစည်းအဝေးကို စတင်ခဲ့သူမှာ အမေရိကန်နိုင်ငံဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကလည်း အမြင့်ဆုံးအဆင့်ခေါင်းဆောင်များအကြား ကိုယ်တိုင်ကိုယ်ကျဆက်သွယ်မှုများ၏ အနာဂတ်မှာ အမေရိကန်နိုင်ငံဘက်အပေါ်၌ မူတည်မည်ဟု အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Kremlin says no need to promptly prepare Putin-Trump meeting
MOSCOW, Nov. 2 (Xinhua) — There is no need to rapidly organize a meeting between Russian President Vladimir Putin and U.S. President Donald Trump, Kremlin spokesman Dmitry Peskov said in an interview released Sunday.
Peskov said that promptly preparing such a meeting is possible, but there is no need for it, TASS news agency reported.
“At this moment, what is needed is very meticulous work on the details of the (Ukraine) settlement problem,” Peskov added.
After a phone call with Putin on Oct. 16, Trump said that the two leaders would meet soon in Budapest, Hungary. On Oct. 22, Trump said he had canceled the planned meeting, saying that the meeting “just didn’t feel right to me,” and that “it didn’t feel like we were going to get to the place we have to get.”
Previously, Putin said that the meeting in Budapest had more likely been postponed than canceled, adding that it was the United States that initiated the summit.
On Oct. 26, Russian Foreign Minister Sergei Lavrov said the future of personal contacts at the highest level will depend on the U.S. side.
English Caption
U.S. President Donald Trump (R) and Russian President Vladimir Putin attend a joint press conference after concluding their talks in Anchorage, Alaska, the United States, on Aug. 15, 2025. (Xinhua/Wu Xiaoling)