လူဆာကာ၊ ဇွန် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ဇမ်ဘီယာနိုင်ငံတကာ ကွန်ဖရင့်စင်တာ စီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို မေ ၃၁ ရက်က ဇမ်ဘီယာနိုင်ငံ မြို့တော်လူဆာကာ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဇမ်ဘီယာသမ္မတ Hakainde Hichilema နှင့် အဆင့်မြင့်အရာရှိ အများအပြား တက်ရောက်ခဲ့ကြောင်း...
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာတောင့်တင်းစေရေး ၊ အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရေး နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နှင့် လုပ်ဆောင်ရန် အသင့်ရှိကြောင်း မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံအား သွားပုပ်လေလွင့်စွပ်စွဲပြီး မတရားသဖြင့် ရှုတ်ချဝေဖန်ရန် အလိမ်အညာများ နှင့် ကောလာဟလများ အမျိုးမျိုးဖြန့်ခြင်း နှင့် လုပ်ကြံပြောဆိုခြင်းအား ရပ်တန့်ရန် နှင့် လူ့အခွင့်အရေးကိစ္စဟု အမည်တပ်ကာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးအား မဆီမဆိုင်...
ဘရပ်ဆဲလ်၊ ဇွန် ၁ ရက်(ဆင်ဟွာ) နှစ်ရက်ကြာ ကျင်းပခဲ့သည် ဥရောပသမဂ္ဂ(EU)ထိပ်သီးဆွေးနွေးပွဲသည်မေ ၃၁ ရက်တွင် ပြီးဆုံးခဲ့သည်။ ဆွေးနွေးပွဲတွင် ရုရှားရေနံ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့တားမြစ်ခြင်း အပြင် ဥရောပသမဂ္ဂက မိမိ၏ကာကွယ်ရေးစွမ်းရည် တိုးမြှင့်၍ ရုရှားစွမ်းအင် အားထားနေရမှုမှ ရုန်းထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ၌ မျောက်ကျောက်ရောဂါထပ်မံကူးစက်ခံရသော အတည်ပြုလူနာ ၁၂ ဦး ရှိကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး စပိန်နိုင်ငံ၌ စုစုပေါင်း ကူးစက်ခံရသူ ၁၃၂ ဦးအထိ တိုးလာခဲ့ကြောင်း သိရသည်။
ကျိန့်ကျိုး၊ ဇွန် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ လုံမန်ကျောက်လိုဏ်ဂူ ဖုန့်ရှန်းဘုရားကျောင်း၏ နောက်ဆုံး ရှေးဟောင်းသုတေသနရလဒ်များတွင် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က Vairocana ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်စဉ် ကြည်ညိုသပ္ပါယ်ဖွယ် အသွင်အပြင်ကို ကနဦး သိရှိရကြောင်း လုံမန်ကျောက်လိုဏ်ဂူ သုတေသနဌာနမှ သိရသည်။
ရှန်ဟိုင်း ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ရှန်ဟိုင်းမြူနီစပယ်အစိုးရသည် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် အစီအမံအသစ်များကို မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရှန်ဟိုင်းမြို့သည် ထိုကဲ့သို့သော အစီအမံများအား ချမှတ်လုပ်ဆောင်ခဲ့သည်မှာ သုံးနှစ်ဆက်တိုက် ရှိပြီ ဖြစ်ကြောင်း သိရသည်။ ရှန်ဟိုင်းမြို့သည် ခရီးသွားလုပ်ငန်း...
နူကူးအေလိုဖာ ၊ ဇွန် ၁ ရက်(ဆင်ဟွာ) ၎င်းတို့၏ သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစတင်ကာ တွန်ဂါနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် ခိုင်မာသန်စွမ်းသောတိုးတက်မှုကို မြင်တွေ့ခဲ့ရပြီးဖြစ်ကြောင်း တွန်ဂါနိုင်ငံဘုရင် Tupou VI က မေ ၃၁ ရက်တွင်ပြောကြားခဲ့ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို မြဲမြံစွာလိုက်နာရန် ကတိပြုကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုကြီးမားတိုးတက်စေရန် မြှင့်တင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝီစီးယားနား Xavier တက္ကသိုလ်ကျောင်းပရဝဏ်တွင် မေ ၃၁ ရက်က အထက်တန်းသင်ယူပြီးမြောက်ကြောင်း ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ပြီးနောက်တွင် လူ သုံးဦး သေနတ်ပစ်ခံရကြောင်း အာဏာပိုင်များက ဆိုသည်။
ကျိန့်ကျိုး၊ မေ ၃၁ ရက် (ဆင်ဟွာ) မက္ကဆီကို ကုန်တင်လေကြောင်းလိုင်း Mas ၏ ကုန်တင်လေယာဉ်တစ်စင်းသည် စနေနေ့တွင် တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့ ရှိ Xinzheng အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ခဲ့သည်၊ ကျိန့်ကျိုးမြို့ နှင့် မက္ကဆီကိုမြို့ ကြားတွင် အသစ်ဖွင့်လှစ်လိုက်သော လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်း၏ အောင်မြင်သော...