Connect with us

Politics

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် သံအမတ်ကြီး Ms. ma Jia တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Chinese Embassy in Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia သည် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အောက်တိုဘာလ ၂၅ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ရာ နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာသတင်းမီဒီယာ နယ်ပယ် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူအချင်းချင်း ကူးလူးဖလှယ်ခြင်း ကိစ္စရပ်များနှင့် စပ်လျဥ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ယနေ့ အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သံအမတ်ကြီး Ms. Ma Jia က တရုတ်နိုင်ငံသည် တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက်ဗဟိုကော်မတီ တတိယအကြိမ်စုံညီအစည်းအဝေး၏ နေရာချထားမှုနှင့်အညီ မီဒီယာစနစ် ပြောင်းလဲမှုကို တိုးမြှင့်ဖော်ဆောင်ကာ လမ်းကြောင်းစုံ သုံးဖက်မြင် (3D) ပုံစံ ဆက်သွယ်ရေးအခင်းအကျင်းကို အရှိန်မြှင့်တည်ဆောက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ မီဒီယာနယ်ပယ်၊ ပြည်သူအချင်းချင်း အပြန်အလှန် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံ ပြည်သူများစိတ်ချင်းဆက်နွှယ်မှုကို မြှင့်တင်သွားလိုပါကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်သည် သမိုင်းကြောင်းကြာရှည်ပြီး ပိုမိုနက်ရှိုင်းလာကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ မြန်မာ-တရုတ်ချစ်ကြည်ရေးကို တိုးမြှင့်ကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် ကောင်းမွန်သော လူထုအမြင်သဘောထားပတ်ဝန်းကျင်ကို ဖန်တီးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117