ကိုင်ရို ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိ ရှေးခေတ်အီဂျစ်လူ့အဖွဲ့ အစည်းယဉ်ကျေးမှုဆိုင်ရာ အမျိုးသားပြတိုက်(NMEC)သည် လွန်ခဲ့သော တစ်နှစ်က စတင်ဖွင့်လှစ်ချိန်မှစ၍ လာရောက်ကြည့်ရှုလေ့လာသူ တစ်သန်း နီးပါဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း ယင်းပြတိုက်၏ စီမံခန့်ခွဲရေးအမှုဆောင်ညွှန်ကြားရေးမှူး Ahmed Ghoneim ၏ ပြောကြားချက်အရ သိရသည်။
ဆိုးလ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) မကြာသေးမီက အာရှ-ပစိဖိတ်ဒေသတွင် ကပ်ရောဂါ အခြေအနေ ဆိုးဝါးနေဆဲဖြစ်သည်။ အချို့နိုင်ငံများတွင် တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ သောင်းချီရှိနေဆဲဖြစ်ပြီး အချို့နိုင်ငံများတွင်လည်း တစ်ကျော့ပြန်ရောဂါဖြစ်ပွားမှုလည်း မြင့်တက်လာနေပြီဖြစ်သည်။ ဧပြီ ၂၂ ရက်တွင် တောင်ကိုးရီးယားနိုင်ငံ၌ တစ်ရက်အတွင်း အတည်ပြုလူနာ ၈၁,၀၅၈ ဦးထပ်တိုးရာ စုစုပေါင်းအတည်ပြုလူနာ...
ရန်ကုန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံး အသင်း သည် တောင်ကိုရီးယားနိုင်ငံ၌ သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက တောင်ကိုရီးယားနိုင်ငံကို မနက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာ...
မိုဂါဒစ်ရှုး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော်ရှိ လူကြိုက်များသော ကမ်းခြေစားသောက်ဆိုင်တစ်ခု၌ ဧပြီ ၂၂ ရက် ညနေပိုင်းတွင် အသေခံဗုံးခွဲသူတစ်ဦးက ၎င်းကိုယ်တိုင်ဗုံးခွဲခဲ့ချိန်တွင် အနည်းဆုံးလူ ၃ ဦးသေဆုံးခဲ့ပြီး အခြား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ Lido ကမ်းခြေတွင် မကြာသေးမီကမှ...
ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံရှိ အခြေအနေမှ မှန်ကန်သောသင်ခန်းစာကို လေ့လာသင့်ကြောင်း အမေရိကန်နိုင်ငံ တာဝန်ရှိသူတစ်ဦး၏ မှတ်ချက်များကို တရုတ်နိုင်ငံက ဧပြီ ၂၂ ရက်၌ ပယ်ချလိုက်ကြောင်း သိရသည်။ “ယူကရိန်းအရေးမှာ တရုတ်ရဲ့ ရပ်တည်ချက်က ဥပဒေနှင့်အညီ သမာသမတ်ရှိ၍ တရားမျှတသော အပြစ်အနာအဆာကင်းပါတယ်။...
ဗီယင်နာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) မှ ကျွမ်းကျင်သူမစ်ရှင်က ယူကရိန်းနိုင်ငံရှိ ချာနိုဘိုင်းနျူကလီးယားစက်ရုံ၏ ဘေးကင်းစိတ်ချရမှုကို အထောက်အကူဖြစ်စေရန် ဧပြီ ၂၆ ရက်တွင် ယင်းစက်ရုံသို့ သွားရောက်မည်ဖြစ်ကြောင်း IAEA က ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။ ချာနိုဘိုင်းစက်ရုံတွင် အရေးပါသော...
ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် အနောက်မြောက်ဘက်ရှိ ရပ်ကွက်တစ်ခုတွင် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူ ၄ ဦးဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားက မိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကြောင်း သိရသည်။ သေနတ်ပစ်ခတ်မှုသည် ဒေသစံတော်ချိန် ၃:၂၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများအနက်...
ကုလသမဂ္ဂ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) သည် ရုရှားသမ္မတ ဗလာတီမာပူတင် (Vladimir Putin )နှင့် ယူကရိန်းသမ္မတ Volodymyr Zelensky တို့ အားဧပြီလ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင်...
ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေတပ်ပြတိုက်တွင် ထားရှိထားသည့် “ရဲရင့်သောစစ်သည်” Mai Xiande ဦးခေါင်းမှ ခွဲစိတ်ထုတ်ယူခဲ့သော အရှည် ၁၄ စင်တီမီတာ၊ အကျယ် ၀.၅ စင်တီမီတာ ရှိသည့် ကျည်တောင့်သည် ယခုအချိန်ဆိုလျှင် သံချေးပင်တက်နေပြီဖြစ်သည်။ ဧပြီ ၂၃ ရက်က...
စိန်ရန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်သည် တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပထမဆုံး နိုင်ငံတကာကုန်တင်ရထားကို ဧပြီ ၂၂ ရက်၌ ပြေးဆွဲခဲ့ကြောင်း ဒေသဆိုင်ရာ ရထားအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။ စက်မှုနှင့်လျှပ်စစ် ထုတ်ကုန်များ၊ နေ့စဉ်သုံးပစ္စည်းများနှင့် မော်တော်ကား အစိတ်အပိုင်းများ အပါအဝင် ကုန်စည်...