Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုများကြောင့် လူ ၂၂၆ ဦး သေဆုံးပြီး ၇၇ ဦးပျောက်ဆုံးနေ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးဆောင်ရွက်နေမှုအား တွေ့ရစဉ် ( ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်း၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်များစွာတွင် စက်တင်ဘာ ၁၆ ရက်ညနေ ၄ နာရီအထိ ကောက်ယူထားသော စာရင်းများအရ လူ ၂၂၆ ဦး သေဆုံးပြီး ၇၇ ဦးပျောက်ဆုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ်များတွင် လူနေအိမ် ၂,၁၁၆ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၅၈,၃၇၃ လုံး ရေဝင်နစ်မြုပ်ခဲ့ကြောင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းစုစုပေါင်း ၄၃၈ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၄၂,၈၅၈ စု၊ လူဦးရေ ၁၆၃,၇၁၀ ဦးတို့ကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၈၄ မြို့နယ် တို့တွင် စက်တင်ဘာလ ၁၆ ရက် ညနေ ၄ နာရီအထိ ကောက်ယူရရှိသော စာရင်းများအရ အခြေခံအဆောက်အဦ၊ ကောက်ပဲသီးနှံနှင့် တိရစ္ဆာန်များထိခိုက်ပျက်စီးမှုများအနေဖြင့် ရုံး/ဌာနအဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁,၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ရေဝင်နစ်မြုပ်ခြင်း၊ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယင်း ရေကြီးရေလျှံမှုကြောင့်် တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈,၃၄၄ ကောင်သေဆုံးခဲ့ပြီး စပါးနှင့် သီးနှံမျိုးစုံစိုက်ဧက ၆၄၃,၀၈၁ ဧက ရေဝင်နစ်မြုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117