ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး အဖွဲ့အစည်းများကို ပါတီ၏ အပြည့်အဝ ခေါင်းဆောင်မှုကို အားပေးထောက်ခံကာ တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုအား ခိုင်မာပြီး အာမခံနိုင်သည့် တာဝန်ယူမှုဖြင့် ပံ့ပိုးရန် တိုက်တွန်း ပြောကြားခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်-ဗြိတိန်က များမကြာမီအချိန်အတွင်း ယီမင်နိုင်ငံရှိ ဟူသီသူပုန်များကို လေကြောင်း တိုက်ခိုက်ခြင်းမှာ ဒေသတွင်း အခြေအနေကို ပိုမိုဆိုးရွားစေပြီး ထိုနေရာတွင် ပဋိပက္ခကို ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း အီရန်လေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။
ဂျေရုဆလမ် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ အနေဖြင့် ကာတာ နှင့် သဘောတူညီမှုရရှိခဲ့ပြီး ဂါဇာဒေသအတွင်းရှိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော အစ္စရေးနိုင်ငံသားများထံ ဆေးဝါးများ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံး၏ ဇန်နဝါရီ ၁၂ ရက် ထုတ်ပြန်ချက်အရသိရသည်။
ကိဗ် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက အလည်အပတ်ရောက်ရှိလာသော ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ရီရှီဆူနက်ခ် (Rishi Sunak) နှင့် ကိဗ်မြို့၌ တွေဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုသဘောတူညီချက်ရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံသမ္မတရုံးဝက်ဘ်ဆိုက်၏ ဇန်နဝါရီ ၁၂...
ရယောင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
ထိုင်ပေ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသခံများသည် ယင်းဒေသ၏ ခေါင်းဆောင်နှင့် ဥပဒေပြုလွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများအတွက် ဆန္ဒမဲပေးမှုကို ဇန်နဝါရီ ၁၃ ရက် နံနက် ၈ နာရီက စတင်ခဲ့ပြီး ညနေ ၄ နာရီတွင် မဲပေးမှုပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကိုယ်ပိုင်ထုတ်လုပ်ထားသော AC313A အရပ်ဘက်သုံးရဟတ်ယာဉ်ကြီးသည် အေးသောရာသီဥတုတွင် စမ်းသပ်ပျံသန်းမှု စတင်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် တိုက်တွန်းမှုအရ ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အတွင်း မြန်မာ့တပ်မတော်နှင့် MNDAA ၊ TNLA နှင့် AA စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ ကူမင်းမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့ရာ တရားဝင်...
ဂါဇာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းသေဆုံးသူ အရေအတွက်မှာ ၂၃,၄၆၉ ဦး အထိရှိလာပြီဖြစ်ကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်၏ လွန်ခဲ့သည့် ၂၄ နာရီအတွင်း တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၁၂ ဦး...
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးစစ်စစ်သာဖြစ်ကြောင်း၊ ပြင်ပမှဝင်ရောက်စွက်ဖက်မှုကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်မှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင်...