Connect with us

News

တရုတ်နိုင်ငံ၏ AC313A အရပ်ဘက်သုံးရဟတ်ယာဉ်ကြီး အေးသောရာသီဥတုတွင် စမ်းသပ်ပျံသန်းမှုများ စတင်

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မော်ဟဲမြို့တွင် အေးသောရာသီဥတု၌ စမ်းသပ်ပျံသန်းမည့် တရုတ်နိုင်ငံထုတ် AC313A အရပ်ဘက်ရဟတ်ယာဉ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Aviation Industry Corporation of China/Handout via Xinhua)

ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ကိုယ်ပိုင်ထုတ်လုပ်ထားသော AC313A အရပ်ဘက်သုံးရဟတ်ယာဉ်ကြီးသည် အေးသောရာသီဥတုတွင် စမ်းသပ်ပျံသန်းမှု စတင်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။တရုတ်နိုင်ငံ မြောက်ဘက်စွန်း မော်ဟဲမြို့ရှိ လေဆိပ်တွင် AC313A ရဟတ်ယာဉ်၏ အေးသောရာသီဥတု၌ ပထမဆုံးစမ်းသပ်ပျံသန်းမှုမစ်ရှင်အတွင်း AC313A က လုပ်ငန်းများစွာ မကြာသေးမီက စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်သူ AVIC က ပြောခဲ့သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် မော်ဟဲမြို့တွင် အေးသောရာသီဥတု၌ စမ်းသပ်ပျံသန်းခြင်းမပြုမီ တရုတ်နိုင်ငံထုတ် AC313A အရပ်ဘက်ရဟတ်ယာဉ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Aviation Industry Corporation of China/Handout via Xinhua)

ယင်းမှာ AC313A အနေဖြင့် အေးစက်သောပတ်ဝန်းကျင်များတွင် စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်ခြင်းဖြင့် ထိုကဲ့သို့ရဟတ်ယာဉ်အမျိုးအစားသစ်၏ ပိုမိုတိုးတက်မှုနှင့် လေကြောင်းပျံသန်းမှု အသိအမှတ်ပြု သတ်မှတ်ချက်များအတွက် အဆင့်သစ်သို့ ဝင်ရောက်လာခြင်းလည်းဖြစ်ကြောင်း လေယာဉ်ထုတ်လုပ်သူက ဆိုသည်။ ယခုအကြိမ် အေးသောရာသီဥတုတွင် စမ်းသပ်ပျံသန်းမှုသည် AC313A ရဟတ်ယာဉ်၏ ပျံသန်းမှုစွမ်းဆောင်ရည်နှင့် အေးသောရာသီဥတုများ၌ လေယာဉ်၏ အဓိကစနစ်များနှင့် အင်ဂျင်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။AVIC မှ ထုတ်လုပ်ထားသော AC313A ရဟတ်ယာဉ်သည် ပင်မဒလက်နှင့် အမြီးဒလက်တစ်ခုစီပါရှိသော ၁၃ တန် အမျိုးအစား ဘက်စုံသုံး အရပ်ဘက်ရဟတ်ယာဉ်ဖြစ်သည်။ အဆိုပါ ရဟတ်ယာဉ်၏ ပွဲဦးထွက်ပျံသန်းမှုကို ၂၀၂၂ ခုနှစ် မေ ၁၇ ရက်က ပြုလုပ်ခဲ့သည်။

AC313 ရဟတ်ယာဉ်စီးရီးများအနက် မကြာသေးမီက ထုတ်လုပ်ထားသော AC313A ရဟတ်ယာဉ်သည် မြေပြင်အနေအထားအမျိုးမျိုးနှင့် ရာသီဥတုပတ်ဝန်းကျင်အမျိုးမျိုး၌ အရေးပေါ် လေကြောင်းကယ်ဆယ်ရေးမစ်ရှင်များအတွက် အထူးထုတ်လုပ်ထားသည့် အဓိကလေယာဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………
China’s AC313A large civil helicopter starts cold-weather flight tests
BEIJING, Jan. 12 (Xinhua) — China’s independently-developed AC313A large civil helicopter has embarked on its cold-weather flight tests, according to the Aviation Industry Corporation of China (AVIC).
The AC313A has recently conducted multiple subjects during its first cold-weather flight test mission at an airport in Mohe, China’s northernmost city, said the AVIC, the country’s leading aircraft maker.
It marked that the AC313A has entered a new phase by carrying out flight tests under frigid environments for both further improvement and airworthiness certification targets of this new helicopter model, the developer added.
This round of cold-weather flight tests aim to verify the AC313A’s flight performance, as well as the performance of its major systems and engines in cold environments.
The AVIC-developed AC313A is a 13-tonne-class large multi-purpose civil helicopter with a single main rotor and tail rotor. It took to the skies for its maiden flight on May 17, 2022.
The most recent iteration of the AC313 helicopter series, the AC313A is a major aerial vehicle specially developed for emergency air rescue missions in all-terrain and all-weather environments.
Photo 1: This photo taken on Jan. 9, 2024 shows China’s independently-developed AC313A large civil helicopter going through cold-weather flight tests in Mohe, northeast China’s Heilongjiang Province. (Aviation Industry Corporation of China/Handout via Xinhua)
Photo 2: China’s independently-developed AC313A large civil helicopter is seen before cold-weather flight tests in Mohe, northeast China’s Heilongjiang Province, Jan. 6, 2024. (Aviation Industry Corporation of China/Handout via Xinhua)