Connect with us

Politics

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ မြန်မာနိုင်ငံ သက်ဆိုင်ရာ ဘက်အသီးသီးတို့က ကူမင်းမြို့တွင် တရားဝင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုရရှိ

ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် တိုက်တွန်းမှုအရ ဇန်နဝါရီ ၁၀ ရက်မှ ၁၁ ရက်အတွင်း မြန်မာ့တပ်မတော်နှင့် MNDAA ၊ TNLA နှင့် AA စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ ကူမင်းမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့ရာ တရားဝင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇန်နဝါရီ ၁၂ ရက် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်အရ သိရသည်။
နှစ်ဘက်တို့မှ တိုက်ခိုက်မှု ချက်ချင်းရပ်စဲရေး ၊ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့ဝင်များထိတွေ့မှု ရပ်ဆိုင်ရေး သဘောတူညီခဲ့ပြီး သက်ဆိုင်ရာ အငြင်းပွားမှုနှင့် တောင်းဆိုမှုများကို ငြိမ်းချမ်းစွာဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ ပြည်သူလူထုနှင့် မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ၏ လုံခြုံမှုကို ထိခိုက်မှုမရှိစေရန် မြန်မာနိုင်ငံ ဘက်အသီးသီးက ကတိပြုခဲ့ကြကြောင်း၊ ထို့ပြင် ဘက်အသီးသီးအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပတ်သက်သော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း မော်နင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးမှုအလားအလာသည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘက်အသီးသီး၏ အကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းမှုအတွက်လည်း အထောက်အကူပြုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်တွေ့ကျကျ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုကို အကောင်အထည်ဖော်ပြီး တတ်နိုင်သမျှ အကြီးမားဆုံး အပြန်အလှန်ထိန်းချုပ်မှုများ ပြုလုပ်ကာ ဆွေးနွေးမှုများမှတစ်ဆင့် ပြဿနာများကို ဆက်လက်ဖြေရှင်းသွားရန်၊ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင် အတူတကွ တွန်းအားပေးဆောင်ရွက်ရန် မျှော်လင့်ကြောင်း မော်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး တရုတ်နိုင်ငံအနေဖြင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးမှုများ ပြုလုပ်ကာ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဟု မော်က ပြောကြားခဲ့သည်။ (Xinhua)
#China #Myanmar #PeaceTalks #CeasefireAgreement #တရုတ် #မြန်မာ #ငြိမ်းချမ်းရေးဆွေးနွေးမှု #အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု
………………………………
(Chinese Version)
中方斡旋下,缅甸相关方在昆明达成正式停火协议
新华社北京1月12日电(记者邵艺博)1月10日至11日,在中方斡旋和促推下,缅军同果敢、德昂、若开等三家缅北民地武组织代表在中国云南昆明举行和谈,并达成正式停火协议。
这是外交部发言人毛宁12日在例行记者会上透露的。
毛宁说,双方同意立即停火止战,军事人员脱离接触,相关争端和诉求通过和平谈判方式解决。双方承诺不损害中方边民和在缅项目人员安全。双方并就停火安排等其他事宜进行了协商。
毛宁表示,保持缅北停火和谈势头,符合缅甸各方利益,也有助于维护中缅边境地区和平稳定。中方希望缅相关各方认真落实业已达成的停火协议,彼此保持最大克制,继续通过对话协商解决问题,共同推动缅北和平进程取得进展。
“中方愿继续为此提供力所能及的支持和帮助,发挥建设性作用。”她说。(完)