တိုကျို၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမြန်မီးရထားလုပ်ငန်း (China Railway Express) သည် COVID-19 ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးကွင်းဆက်များအပေါ် ကြီးမားသော နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည့်ကြားမှ “တရုတ်မှ ဥရောပသို့ မော်တော်ကားမှ နေအိမ်သုံးကုန်စည်များအထိ အရာအားလုံးကို တင်ပို့ရန်...
ရီယာ့ဒ် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) လာမည့် ဟာဂျ် ဘုရားဖူး ရာသီတွင် ပြည်တွင်းဘုရားဖူးများကို အမြင့်ဆုံးအရေအတွက် ဦးရေ ၆၀,၀၀၀ သာ အကန့်အသတ်ဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံက စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကိုလံဘို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ကူညီတည်ဆောက်ပေးသည့် တရုတ်-သီရိလင်္ကာချစ်ကြည်ရေးဆေးရုံ (ခေါ်) သီရိလင်္ကာ အမျိုးသားကျောက်ကပ်အထူးကုဆေးရုံကြီးကို ဇွန် ၁၁ ရက်က ပိုလွန်နာရုဝါမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို သီရိလင်္ကာနိုင်ငံ သမ္မတ Gotabaya Rajapaksa ၊ သမ္မတဟောင်း Maithripala Sirisena၊...
ကိုလံဘို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ COVID-19 ထပ်မံကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် လက်ရှိချမှတ်ထားသော နိုင်ငံအနှံ့ခရီးသွားလာခွင့် ကန့်သတ်ချက်အား ဇွန် ၂၁ ရက်အထိ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း အာဏာပိုင်များက ဇွန် ၁၁ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရုရှားနှင့်အမေရိကန် ဆက်ဆံရေးသည် ယခုနှစ်များတွင် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေသည်ဟု ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ဇွန် ၁၁ ရက် အမေရိကန်မီဒီယာ၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဒါကာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန် ၁၁ ရက်တွင် COVID-19 ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၁၃,၀၀၀ ဦးနှင့် စုစုပေါင်းကူးစက်ခံရသူဦးရေ ၈၂၂,၀၀၀ ကျော်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတွင်း၌ တကျော့ပြန်ကူးစက်မှုအားထိန်းချုပ်ရန် အပြင်းအထန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရောမ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် အသက် ၆၀ နှစ်အောက်ရှိသူများ၌ AstraZeneca ကာကွယ်ဆေးအသုံးပြုခြင်းအား ဇွန် ၁၁ ရက်တွင် ဆိုင်းငံ့ခဲ့ကြောင်း COVID-19 နှင့်ပတ်သက်၍ ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ကြေညာခဲ့သည်။
ယူနန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လွိကျင်းမြို့နယ်လေးသည် ယူနန်ပြည်နယ် ယွိရှီးမြို့ ရိမန်ခရိုင်တွင် တည်ရှိသည်။ ယင်းဒေသတွင် မြင့်မားမတ်စောက်၍ အန္တရာယ်များသည့် ပထဝီမြေအနေအထားများရှိပြီး အမြင့်ဆုံးနေရာမှ မြို့နယ်အစိုးရ ရှိရာနေရာသို့ အလျားလိုက်မျဉ်းဖြောင့်အကွာအဝေးသည် (၁)ကီလိုမီတာပင် မရှိသော်လည်း ပင်လယ်ရေမျက်နှာပြင်အမြင့်သည် (720)မီတာကျော် ကွာခြားသည်။
မနီလာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ပိုလီယိုရောဂါကူးစက်မှုပြန်လည်မြင့်တက်လာပြီးနောက် နှစ်နှစ်နီးပါးမျှအကြာတွင် ရောဂါဖြစ်ပွားမှု အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) တို့က ဇွန် ၁၁ ရက်၌ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဦးစီးဌာန (DOH) အနေဖြင့် ယခုနှစ်...
အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Balochistan ပြည်နယ်၊ Khuzdar ခရိုင်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၁၁ ရက်နံနက်ပိုင်းတွင် ဒေသတွင်းသတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါဘတ်စ်ကားသည်...