Connect with us

China

ပူးတွဲအားထုတ်ကြိုးပမ်းမှုများဖြင့် တရုတ်-ဗီယက်နမ် ဆက်ဆံရေး စင်မြင့်သစ်ဆီသို့ ဝင်ရောက်လာ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည် နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု ပိုမိုမြင့်မားသော၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာသော၊ အပြန်အလှန် အကျိုးကျေးဇူးရှိသည့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းသော၊ လူထုထောက်ခံမှု ပိုမိုအားကောင်းသော၊ နိုင်ငံစုံညှိနှိုင်းဆောင်ရွက်မှု ပိုမိုနီးကပ်သော၊ မတူကွဲပြားမှုများကို ကိုင်တွယ်မှု ပိုမိုကောင်းမွန်သော စင်မြင့်သစ်ဆီသို့ ဝင်ရောက်လာမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၂ ရက်၌ ပြောကြားခဲ့သည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်နှင့် တွေ့ဆုံစဉ် ရှီက တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ်တည်ဆောက်ရေးကို အခိုင်အမာ ထောက်ခံကြောင်းနှင့် ကာလရှည် မဟာဗျူဟာမြောက် ရှုထောင့်မှ အစဉ်အမြဲရှုမြင်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို အိမ်နီးချင်းသံတမန်ဆက်ဆံရေး၌ ဦးစားပေးအဖြစ် ထားရှိကြောင်း သမ္မတ ရှီက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး အကြောင်းရင်းခံအား တည်ငြိမ်စွာ အဆင့်မြှင့်တင်မည်ဖြစ်သလို ဒေသတွင်းနှင့် ကမ္ဘာကြီး၏ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုအတွက် ပံ့ပိုးကူညီမှုအသစ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi says China-Vietnam ties to enter new stage with joint efforts
HANOI, Dec. 12 (Xinhua) — Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, said on Tuesday that with joint efforts, China-Vietnam ties will enter a new stage of greater political mutual trust, more solid security cooperation, deeper mutually beneficial cooperation, stronger popular support, closer multilateral coordination, and better handling of differences.
In his meeting with General Secretary of the Communist Party of Vietnam Central Committee Nguyen Phu Trong, Xi said China firmly supports Vietnam’s cause of socialist construction and always sees its ties with Vietnam from a strategic and long-term perspective.
China takes its relations with Vietnam as a priority in its neighborhood diplomacy, Xi said.
Xi also said that the cause of socialist construction in China and Vietnam will advance steadily and make new contributions to the stability, development and prosperity of the region and the world at large.
Photo: General Secretary of the Communist Party of China Central Committee and Chinese President Xi Jinping holds talks with General Secretary of the Communist Party of Vietnam Central Committee Nguyen Phu Trong in Hanoi, capital of Vietnam, Dec. 12, 2023. (Xinhua/Pang Xinglei)