Connect with us

Sino-Myanmar

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းသို့ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းသို့ ယဉ်ကျေးမှုနှင့်အားကစားဆိုင်ရာပစ္စည်းများလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဒီဇင်ဘာ ၁၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဒီဇင်ဘာလ ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မကွက်သစ် အခြေခံပညာမူလတန်းလွန်ကျောင်း စသည့် တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း ၄ ကျောင်းသို့ နံရံကပ်ပန်ကာ၊ အလိုအလျောက် ကျောင်းတက်/ကျောင်းဆင်းခေါင်းလောင်း၊ စားပွဲတင်တင်းနစ်စားပွဲ၊ ဘောလုံး၊ ဘော်လီဘောနှင့် ကြက်တောင် စသည့် ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးတာဝန်ခံ ဒေါ်အေးအေးမိုးမှ ဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်သားများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ကျောင်းများအား ဂရုစိုက်ကူညီပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ထိုပစ္စည်းများအား ကောင်းမွန်စွာအသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများကို စာကြိုးစားပြီး ကိုယ်လက်ကြံ့ခိုင်မှုမြှင့်တင်ကာ တရုတ်-မြန်မာချစ်ကြည်ရေး အမွေဆက်ခံသူများဖြစ်လာစေရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် အဆက်မပြတ် တိုးတက်လာစေရန် တရုတ်သံရုံးနှင့်အတူ ပညာရေးနှင့် လူမှုယဉ်ကျေးမှုကဏ္ဍတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် မျှော်လင့်ပါကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏တောင်းဆိုချက်အရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် အထက်ပါကျောင်း ၄ ကျောင်းအတွက် စာသင်ကျောင်းဆောင်များပြုပြင်မွမ်းမံခြင်း သို့မဟုတ် အသစ်ဆောက်လုပ်ပေးခြင်း၊ သောက်သုံးရေစက်များတပ်ဆင်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကာ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့်အတူ အထက်ပါကျောင်းအား “တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း” ဟု အမည်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လတ်တလောနှစ်များအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းအတွက် အဆက်မပြတ်ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ထို့ပြင် လူငယ်ဆရာ၊ဆရာမကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့သွားရောက်လေ့လာသင်ယူရန် ဖိတ်ကြားခြင်း အပါအဝင် “တရုတ်-မြန်မာချစ်ကြည်ရေးကျောင်း” များ၏ အနှစ်သာရကို အဆက်မပြတ်ပြည့်ဝစေကာ ကျောင်းသား၊ကျောင်းသူနှင့် ဆရာဆရာမများကို အကျိုးခံစားခဲ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)